မင်းသွေးက ကောင်းတဲ့ဘဝကို ရောက်နေပါပြီ ပတ္တမြားကေခိုင်

0
176

မင်းသွေးကွယ်လွန်ပြီးတစ်ပတ် အကြာမှာတော့ ပတ္တမြားကေခိုင်က မင်းသွေးအတွက်ရည်စူးကုသိုလ် အနေနဲ့ သစ်တံခါးကျောင်းတိုက်မှာ တရားစခန်းဝင်ခဲ့ပါတယ်။သစ်တံခါး ကျောင်းတိုက်က မင်းသွေးအဓိဋ္ဌာန် ဝင်ခဲ့တဲ့ကျောင်းလည်းဖြစ်တာ ကြောင့် သူ့အနေနဲ့တရားစခန်းဝင် ဖြစ်ခဲ့တာဖြစ်ပြီး နေ့စဉ်တိုင်းမှာ လည်း မေတ္တာပို့ အမျှပေးဝေခဲ့ပါ တယ်လို့ ပြောပါတယ်။ တရားဘာ ဝနာတွေအားထုတ်ခဲ့သလို အလှူ အတန်းတွေလည်းမပြတ်အောင် လုပ် ခဲ့တဲ့မင်းသွေးဟာ ကောင်းရာမွန် ရာဘဝတစ်ခုကိုရောက်ရှိနေမှာပါ လို့ ပတ္တမြားကေခိုင်က ပြောပါတယ်။

”ကွယ်လွန်သူအတွက်ကောင်းမှုကုသိုလ်လုပ်တယ်ဆိုတာက သာဓု ခေါ်နိုင်တဲ့ဘဝဆိုတာရှိပါတယ်။လူ့ဘဝဆိုရင်သာဓုခေါ်နိုင်တယ်။ ပြီးတော့ ရုက္ခစိုး၊ ဘုမ္မစိုးဆိုရင် သာဓုခေါ်နိုင်မယ်။ နောက်တစ်ခုကတော့မကျွတ်မလွတ်တဲ့ဘဝရောက်သွားလို့ရှိရင်တော့ သာဓုခေါ်နိုင်မယ် ပေါ့။ တကယ်လို့များ ကိုယ့်ရဲ့ ချစ် ခင်တဲ့သူတွေဟာ ကွယ်လွန်တဲ့ အချိန်လေးမှာ အယူအဆလေးတစ် မျိုးဖြစ်လို့များ သာဓုခေါ်ရမယ့်ဘဝမျိုးရောက်နေလို့ရှိရင် ခေါ်ပါစေဆို တဲ့ ရည်ရွယ်ချက်နဲ့ ကောင်းမှုကုသိုလ် လုပ်ရတာပေါ့။ တကယ်လို့များ ညီ လေးငယ်က နတ်ဘုံနတ်နန်းရောက် သွားပြီဆိုရင် သူမသိတော့ပါဘူး။ လူ့ ဘဝကိုပြန်ရောက်သွားပြီဆိုရင်လည်း သူမသိတော့ပါဘူး။ အစ်မယုံကြည် ထားတာက ညီလေးငယ်သည် ကောင်းတဲ့ဘဝကို ကျိန်းသေရောက် သွားပြီ။ မြင်နိုင်သိနိုင်တဲ့ကောင်းတဲ့ဘဝရောက်နေတယ်ဆိုရင် အစ်မ တို့ရဲ့ မပြတ်တမ်း ပြုလုပ်မယ့်ကုသိုလ် တွေဟာ သူ့အတွက်ပေါ့။ အစ်မတို့ ကကျတော့လည်း တရားစခန်းဝင် တယ်ဆိုတာက အမှတ်တရအနေနဲ့ လည်းဖြစ်တယ်။ ကောင်းမှုကုသိုလ်လုပ်ခြင်းအားဖြင့် အစ်မတို့အတွက် လည်း ကုသိုလ်ရတယ်။ ကောင်းမှု ကုသိုလ်လုပ်တဲ့အခါမှာ အဲဒီလိုမျိုး လေး နှလုံးသွင်းပြီးတော့ လုပ်တယ် ဆိုရင် ကိုယ်ရည်စူးတဲ့ အရာလေးက ပိုပြီးတော့ ရောက်နိုင်ပါတယ်။ အစ်မ တို့အနေနဲ့က ပြောချင်တာကတော့ ညီလေးငယ်ကောင်းတဲ့ ဘဝကို ရောက်နေပါပြီ” လို့ မင်းသွေးနဲ့ပတ် သက်လို့ ပတ္တမြားကေခိုင်က ပြောပြ ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here