မြန်မာနိုင်ငံက ကျွန်းတွေရဲ့ အလှအပတွေနဲ့ အားတီရဲ့ဂီတဖန်တီးမှု

0
115

ဒီဇင်ဘာလထဲမှာ စီးရီးခွေ ၂ ခွေ ထွက်မယ်လို့ ပြောပြ တဲ့ အားတီက သူ့ရဲ့ ဂီတအစကနေ လက်ရှိအချိန်အထိ ကြိုးစားအားထုတ်နေကြောင်း ဆိုပါတယ်။

”ကျွန်တော် ဒီဇင်ဘာလထဲမှာ အခွေ ၂ ခွေ ထွက်ဖို့ရှိပါ တယ်။ တစ်ခွေကတော့ FG Entertainment ကထုတ်တဲ့ အခွေပေါ့။ တစ်ခွေ လုံးထဲမှာ Music Video ၁၅ပုဒ်ပါတယ်။ တစ်ခွေလုံးကို ရိုက်ကူးတဲ့ဒါရိုက်တာကလည်း တစ်ယောက် တည်းပဲ။ ဒါရိုက်တာ မီးလော့(စ်)လို့ခေါ်ပါတယ်။ ဖိလစ်ပိုင် ဒါရိုက်တာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံအနှံ့ သွားရောက် ရိုက်ကူးထားတယ်။ ကိုယ်တွေနိုင်ငံက ကျွန်းတွေကို အလှ ရိုက်ပြထားတာတွေရယ်၊ ကလောဘက်က အလှတွေရယ်၊ သီချင်းရဲ့ ရသရယ် ခံစားရမှာပါဗျ” လို့ အားတီက ပြောပါ တယ်။

မြန်မာနိုင်ငံရဲ့ အလှအပတွေကို ရိုက်ထားတယ်ဆိုတော့ အားတီကိုယ်တိုင်ကော ကျေနပ်ပြီလားလို့ ဆိုတော့…

”တချို့ကျတော့လည်း မြင်ဖူးပြီးသွားပြီပေါ့။ အဓိက ရိုက်ကူးထားတာကတော့ Effect တွေကို အများကြီး မထည့်ဘဲနဲ့ ကျွန်းရဲ့ တကယ့်အလှပေါ့။ နေထွက်တဲ့အချိန်၊ နေဝင်တဲ့အချိန် အကုန်လုံးကို ကွက်တိရအောင် ရိုက်ကူး ထားတယ်။ ကျွန်းမှာပဲ ရိုက်ကူးထားတာ ၃ပုဒ် ရှိတယ်ဆိုတော့ ကျွန်တော်ကတော့ ကြိုက်တယ်။ ပရိသတ်လည်း ကြိုက်မယ် လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကလောမှာဆိုရင်လည်း ၃ရက်လောက်ကြာတယ်။ အခက်အခဲတွေ အများကြီးကြား ထဲကနေ ကျွန်တော်တို့ အများကြီးတော့ ကြိုးစားထားပါတယ်” လို့ အားတီက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here