မင်းသွေးအတွက် တစ်လပြည့် အလှူလုပ်ပေးခဲ့တဲ့ နေတိုးတို့ မိသားစု

0
117


ညီလေးငယ်လို့ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်၊ အဆိုတော် မင်းသွေး ကွယ်လွန်ခဲ့တာ တစ်လပြည့်သွားပြီဖြစ်တဲ့အတွက် မိသားစုဝင်တွေက သူ့အတွက် ရည်စူးပြီး နေအိမ်မှာ အလှူဒါနတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။

တစ်လပြည့်အလှူ လုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး အစ်ကိုဖြစ်သူ နေတိုးက…

”ညီလေးငယ် ဆုံးသွားတာ တစ်လပြည့်အနေနဲ့ ဆွမ်းကျွေး အလှူလုပ်တာ ပေါ့နော်။ အနုပညာ ရှင်တွေအပါအဝင် ပရိသတ်တွေလည်း လာပြီးတော့ ဒီမှာကုသိုလ်အဖြစ် ပါဝင်ကြတာပါ။ တစ်လပြည့် သွားပြီဆိုပေမယ့်လည်း မနေ့ တစ်နေ့ကလိုပါပဲ။ အကုန်လုံးလည်း အမြဲတမ်း အမှတ်ရနေရတာပါ။ သေ သောသူကြာရင်မေ့ ဆိုပေမယ့် သူက အနုပညာသမားတစ်ယောက် လည်း ဖြစ်နေတယ်။ မှတ်မှတ်ရရ ဆို သလို မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကလည်း ရုံတင်ဖို့ ရက်သတ်မှတ်တာတို့ ဘာတို့ ရှိတယ်ဆိုတော့ ဒီတစ်လထဲမှာ သူနဲ့ ပတ်သက်ပြီးတော့ အမှတ်တရတွေ ပိုများတယ်ပေါ့နော်။ အလှူအတန်း တွေလည်း ပိုပြီးလုပ်ဖြစ်နေတယ်။ သူ တည်ထားတဲ့ ရခိုင်က ဘုရားကိုလည်း ကျွန်တော်တို့ အပြီးလုပ်မှာပါ။ ညီ လေးငယ်အတွက် အလှူအတန်းတွေ အများကြီး လုပ်ဖြစ်နေပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-အောင်ဇော်မင်း၊ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here