ပါတော်မူနေ့နှင့် သီပေါမင်း ရာပြည့်အကြိုပွဲ အခမ်းအနားကို မန္တလေး နန်းတော်ပေါ် ၌ ကျင်းပပြုလုပ်မည်

0
617

myan

ပါတော်မူနေ့နှင့် သီပေါမင်း ရာပြည့်အကြိုပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မန္တလေး မြနန်းစံကျော်ရွှေနန်းတော်ပေါ်၌ ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း သီပေါမင်း၏ မြစ်တော် ဦးစိုးဝင်း (ခ) မဟာစန္ဒကုမာရက ပြောသည်။

” မန္တလေးနန်းတော်ထဲမှာပဲ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ပါတော် မူနေ့နဲ့ သီပေါမင်းရာပြည့်အကြိုပွဲလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် နေ့ ရတနာဂီရိမှာကျင်းပမယ့် သီပေါမင်း ရာပြည့်ပွဲကို သွားဖို့လည်း အစီအစဉ် ရှိပါတယ်။ ထိပ်စုဘုရားကြီးလည်း လိုက်ဖို့ရှိပါတယ်။ သီပေါမင်းတရား နတ်ပြည်စံရာပြည့်မှာ အနွှယ်တော်တွေတင်မကပါဘူး။ ဗန်းမော်ဆရာတော်ကြီးတို့၊ သီတဂူ ဆရာတော်ကြီးတို့စတဲ့ ဆရာတော်ကြီးတွေ ဦးဆောင်ပြီးတော့ သွားပြီး အလှူတော်လုပ်မှာပါ။ မိတ်ဆွေတွေကလည်း ကိုယ့်စရိတ်နဲ့ကိုယ် အကုန်ကျခံပြီးတော့ လိုက်ကြမှာပါ။ တကယ့်ကို နိုင် ငံတော်အခမ်းအနားကြီးလို့တောင် ယူဆလို့ရတယ်။ ရာပြည့်ပွဲမှာ အဓိကကတော့ အိန္ဒိယမှာ သီတင်းသုံးနေတဲ့ သံဃာတော် အပါး (၅ဝ) ကို သင်္ကန်း နဲ့ လှူဖွယ်ပစ္စည်းတွေ ကပ်လှူမှာပါ။ ရာ ပြည့်ပွဲကို မလိုက်ပါနိုင်တဲ့ အနွှယ်တော်တွေ အတွက်ရော၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိတ်ဝင်စားတဲ့သူတွေ တက်ရောက်လို့ရအောင် မန္တလေး နဲ့ ရန်ကုန်နှစ်နေရာခွဲပြီး ရာပြည့်အကြိုပွဲလုပ်ဖို့တော့ စီစဉ်ထားပါတယ်” ဟု ဦးစိုးဝင်းက ပြောသည်။။


LEAVE A REPLY

Please enter your comment!
Please enter your name here