ဖြစ်ပုံပျက်ပုံရွှေတိဂုံ

0
290

(တစ်)
လှိုင်းများမုန်ယို
ဆင်အုပ်ပြိုသလို
မျိုလိုက်မယ် ဟင်း။
ပင်လယ်အတွင်းမှာ လှေငယ် တစ်စင်း မုန်တိုင်းမိနေတယ်။ လှေပေါ်မှာ ထိတ်လန့်ကြောက်ရွံ့နေ တဲ့လူတစ်ဦး၊ မုန်တိုင်းက မုန်ယိုနေ သလို၊ ဆင်အုပ်ကြီး မိမိအပေါ် ပြို ဆင်းလာပုံနဲ့လည်းတူရဲ့၊ ပင်လယ်ရဲ့ ခြိမ်းခြောက်သံကလည်း ‘မျိုလိုက်ရ မလား၊ မျိုလိုက်ရမလား’နဲ့။ ဒါပေမဲ့ လှေပေါ်လူ ကံကောင်းချင်တော့ မုန်တိုင်းကြားက ရွှေတိဂုံ စေတီတော် ကြီးကို ဖျတ်ခနဲ ဖူးလိုက်ရတယ်။ ဒီမှာတင်
”အို ရွှေတိဂုံမြတ်ဘုရားကြီးဘုရား
တပည့်တော်အား
ကယ်မသနားတော်မူပါ
အသက်ချမ်းသာ၊ လူကျန်းမာဖြင့်
ကမ်းပေါ်ရောက်ရှိပါက
တပည့်တော်ကတိထား
ရွှေဆိုင်းသုံးဆိုင်း လှူပါမည်ဘုရား”

 

(နှစ်)
”ဆင်အုပ်လို မပြိုငြား
လှိုင်းများယဉ်းထ
မြင်းပြေးသလို
လှိုင်းတွေတစ်ပါတ်လျှော့”
လှေပေါ်လူဆုတောင်းကောင်း လို့ လှိုင်းတွေက ဆင်အုပ်ပြေးသလို ပြေးရာက အင်အားလျှော့ပြီး မြင်း အုပ်ပြေးသလိုသာ ပြေးတော့တယ်။ လှိုင်းက တစ်ထစ်လျှော့တော့ သူ့ ကြောက်စိတ်ကလည်း တစ်ထစ် လျှော့သွားတယ်။ ဒီအခါ သူဆု တောင်းပုံကလည်း
”အို ရွှေတိဂုံမြတ်ဘုရား
တပည့်တော်အား ကယ်မပါ
အသက်ချမ်းသာ၊ လူကျန်းမာနှင့်
ကမ်းပေါ်သို့ ရောက်လျှင်
တပည့်တော်
ရွှေဆိုင်းနှစ်ဆိုင်း လှူပါမည်ဘုရား”

 

(သုံး)
”လှိုင်းပြင်းတို့
မြင်းလိုမပြေး
သိုးလိုပြေး”
ဆုတောင်းက ထိရောက်လှပါ တယ်။ ကမ်းကိုလည်း မြင်ရစပြုပါ ပြီ။ လှေပေါ်ကလူရဲ့ ကြောက်လန့် စိတ်ကလည်း အတော်ပင် လျော့ပါး သွားပေပြီ။ သို့သော်လည်း စိတ်ချရ အောင် အခြေအနေမရောက်သေး ကြောင်း သူကောင်းကောင်းသိတယ်။ သူဟာဆက်၍ ရွှေတိဂုံမြတ်ကြီး အား
”အရှင်ဘုရား
တပည့်တော်အား ကရုဏာထား၍
ခွင့်လွှတ်သနားတော်မူသည့်အတိုင်း
ရွှေတစ်ဆိုင်းလောက်ဖြစ်ဖြစ်
မဖြစ်မနေ လှူပါမည်ဘုရား”

 

(လေး)
”လှိုင်းဖွဖွ
အပျိုမပါးအို့
တို့ပတ်တို့နေ”
လှိုင်းကလည်း ကင်းပြီ။ လူက လည်းကမ်းပေါ်ရောက်ပါပြီ။ ကမ်းပေါ် ရောက်ရောက်ချင်းမှာပဲ ကမ်းခြေသဲ စမှာ ဆံပင်ဖြန့်ခင်း ဦးသုံးကြိမ်ချကာ
”အနန္တကျေးဇူးတော်အစုံ ရွှေ တိဂုံမြတ်ဘုရား၊ ထားခဲ့သော ကတိ အတိုင်း ရွှေဆိုင်းတစ်ဆိုင်းကို မဆိုင်း မြန်စွာ လှူချင်ပါသော်လည်း တပည့် တော်တွင် အင်အားလည်း ကုန်၊ ငွေ လည်းကုန်လို့ နောင်ကြုံမှပဲ လှူပါရ စေတော့ဘုရား”

စောဘရန်ငြိမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here