ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်လှစ်တဲ့အခါမှာ မင်းသမီးဆိုတာကို မေ့သွားတယ် မြတ်ကေသီအောင်

0
140

သရုပ်ဆောင် မြတ်ကေသီ အောင် က မြောက်ဒဂုံမြို့နယ်မှာ Coffe Lu ဆိုတဲ့ စားသောက်ဆိုင်ကို ဖွင့်လှစ်ထားပါတယ်။ သူကတော့ ညနေပိုင်းမှာ ဆိုင်မှာ ကိုယ်တိုင် ထိုင်ပြီး ဝန်ဆောင်မှုတွေပေးနေတာ ကြောင့် ညနေပိုင်းဆိုရင်တော့ လာ ရောက်စားသုံးသူ အများအပြားရှိ တတ်ပါတယ်။ စားသုံးတဲ့သူတွေ အများအပြားရှိလာတဲ့အခါမှာတော့ ဆိုင်နဲ့ပတ်သက်ပြီး Complaint တက် တာတွေလည်း ကြုံတွေ့လာရပါတယ်။ ဆိုင်နဲ့ပတ်သက်ပြီး မြတ်ကေသီ အောင်က …

”ညပိုင်းဆိုရင် ဆိုင် က ထိုင်စရာမရှိဘူး။ အရမ်းကြာတယ် ပေါ့။ တအားကြာတဲ့ကိစ္စကလည်း ဘယ်လိုမှ ဖြေရှင်းလို့မရဘူး။ ကိုယ့် ဆိုင်လာစားတဲ့သူတွေကလည်း ကိုယ့် ကိုယ်ချစ်လို့ လာစားတဲ့သူတွေ ဖြစ် နေတဲ့အပြင် ဟင်းတွေကို တစ်ဝိုင်းက မှာရင် ၁ဝ မျိုး၊ ၁၂ မျိုးလောက်မှာ တယ်။ နှစ်ဝိုင်းသုံးဝိုင်းလောက်ဆိုရင် ၃၆ မျိုးလောက်ဖြစ်သွားပြီ။ ၄ ဝိုင်း မြောက်ဆို အကြာကြီးစောင့်ရတယ်။ အစ်မတို့ဆိုင်မှာ အကြော်ဆရာလည်း နှစ်ယောက်ပဲ ရှိတယ်။ ဓားကိုင်က လည်း နှစ်ယောက်ပဲ။ ကိုယ့်ဆိုင်လေး နဲ့ ကိုယ်က အဲဒီလောက်ပဲ ခန့်ထား တယ်။ လာတဲ့သူက တအားများတော့ ဟိုတစ်နေ့က နာမည်တောင် နောက် သွားသေးတယ်။ အစားအစာတွေက လည်း စပ်တဲ့အစားအစာတွေက များ တယ်။ Customer တွေက လျှော့ ခိုင်းမှလည်း လျှော့ပေးနိုင်မှာပေါ့။ တချို့ကျတော့လည်း စပ်တာစားချင် တဲ့ လူရှိတယ်။ Customer အကြိုက် ပဲလိုက်ပြီး လုပ်ပေးရတော့တာပေါ့” လို့ ပြောပါတယ်။

မင်းသမီးတစ်ယောက်အနေနဲ့ စီးပွားရေးလုပ်တဲ့အခါ မတူညီတဲ့ အတွေ့အကြုံတွေကို ရရှိကြပါတယ်။ မိဘနှစ်ပါး မရှိတော့တဲ့နောက်ပိုင်း တစ်ခါတလေ စိတ်ဓာတ်ကျမှုတွေ၊ စိတ်အားငယ်မှုတွေ ဖြစ်တတ်တဲ့ မြတ်ကေသီအောင်အနေနဲ့ အခုလို လူအများကြီးနဲ့ ထိတွေ့ဆက်ဆံရ တဲ့အခါမှာ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်လို့နေပါတယ်။ ဆိုင်ထိုင်တဲ့ အခါမှာ မင်းသမီးဆိုတာကို မေ့သွား တယ်လို့ ဆိုတဲ့ မြတ်ကေသီအောင်က …

”ပတ်ဝန်းကျင်က လူအများ ကြီးနဲ့ ထိတွေ့ဖြစ်လာတယ်။ နား လည်လာတယ်။ အရင်တုန်းက ကိုယ့် ရုပ်ရှင်လောကထဲမှာပဲ ကျင်လည်နေ တာဆိုတော့ ဘယ်နေရာ ကြည့်လိုက် ကြည့်လိုက် ကိုယ်နဲ့ အဆင်ပြေတဲ့သူ တွေချည်းပဲ။ ကိုယ့်ကိုချစ်တဲ့ သူ တွေ၊ ကိုယ့်ကို Respect ပေးတဲ့ သူတွေ ၊ သူငယ်ချင်းပေါင်းပေါင်းတဲ့သူ တွေ၊ မောင်နှမလို ပေါင်းတဲ့သူတွေ အများကြီးရှိတာပေါ့။ အခုဆို ကိုယ် က ဆိုင်ထိုင်တဲ့အချိန်မှာ ကိုယ့်ကိုယ် ကိုယ် မင်းသမီးဆိုတာကို မဟုတ် တော့ဘူးလို့ မေ့မေ့သွားတယ်။ တ အား ရိုကျိုးရလို့လေ။ ဒါကတော့ နေရာတိုင်းမှာပါ။ ဆိုင်က ကလေး တွေကိုလည်း ပြောပြရတာပေါ့။ ကိုယ်က ကိုယ့်အလုပ်မှာ ဘာကြီးပဲ ဖြစ်နေနေ ဒီဆိုင်ကိုရောက်လာတဲ့ အချိန်မှာ Customer ကို ကိုယ်က အဆင်ပြေလား မပြေဘူးလား၊ ကျေး ဇူးတင်ပါတယ်၊ နောက်လည်း လာ အားပေးပါဆိုတာ အမြဲပြောရတယ်။ အရင်တုန်းက သူများဆိုင်သွားရင် ကိုယ့်ကိုပဲဖက်လဲတကင်း နှုတ်ဆက် တာလေ။ အခုအချိန်မှာ ကိုယ်က ဒါတွေ ပြောရတော့ ကိုယ့်ကိုယ်ကိုယ် မင်းသမီးဆိုတာ မရှိတော့ဘူး”လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here