ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပန်းရောင်ခြယ်ဘယ်လို ထိန်းသိမ်းလဲ

0
568

 

မကြာသေးမီက ထွက်ရှိလာတဲ့ ပန်းရောင် ခြယ်ရဲ့ ‘Let It Go’ သီချင်းဟာဆိုရင် ပရိ သတ်တော်တော် များ များရဲ့ အားပေးမှုရရှိခဲ့ပါတယ်။ ဒီသီချင်းလေးအတွက် ကြို တင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပုံကို လို့မေးကြည့် တဲ့အခါမှာတော့ ပန်းရောင်ခြယ် က….

”ဒီသီချင်းလေးကို Music Video ရိုက်ကူးမယ်ဆိုတော့ ပန်း ရောင်က အက်ရှင် ပုံစံရိုက်ချင်တယ်လို့ စဉ်းစားမိတာနဲ့ ရိုက်ဖြစ် သွားတယ်။ ခေါင်းဆောင် မင်းသားနေရာကို ဘယ်သူနဲ့ ရိုက်မလဲစဉ်းစား တော့ ကိုဒေါင်းနဲ့ ရိုက်ဖြစ်တယ်။ ကိုဒေါင်း ကလည်း ကာရိုက် တာကို ပီပီပြင်ပြင် သရုပ်ဆောင်တဲ့ အတွက် အဆင်ပြေခဲ့တယ်။ ပန်းရောင်က သေနတ် ပစ်တဲ့ အခန်းလေးတွေပါတော့ အမှန်တော့ ဒီထက်ပိုပြီး ပြင်ဆင်ချင်ခဲ့တယ်။ စတန့်တွေ အကုန်လုံး အကောင်းဆုံး လုပ်ချင်ခဲ့ပေမယ့် အချိန်လည်း သိပ်မရတာနဲ့ ပန်းရောင်သေနတ် ကိုင်နည်း၊ သေနတ်နဲ့ လမ်းလျှောက်တဲ့အခါ ဘယ်လိုလှည့်ရင် လှမယ်ပေါ့နော်။ အဲဒါတွေ အကုန်သင်ထားခဲ့ပါတယ်။ အခုပရိသတ် တွေအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

 

 

အနုပညာရှင်တစ်ယောက် အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို ထိန်းသိမ်းဖြစ်လဲ၊ ကြိုက်နှစ်သက်တဲ့ အား ကစားကဘာလဲလို့မေးကြည့်တဲ့ အခါမှာ တော့ ပန်းရောင်ခြယ်က…

”အားကစားနဲ့ ပတ်သက်လို့ အခု နောက်ပိုင်း Gym သွားဖြစ် တယ်။ ပုံမှန်တော့ မသွားဖြစ်ပါဘူး။ (ရယ်လျက်) Gym သွား ရင်လည်း တအားခက်ခက်ခဲခဲမဆော့ဖြစ်ဘူး။ လမ်းလျှောက်တာ လောက်ရယ်၊ ခါးအတွက် ရယ်ပဲဆော့ဖြစ်တာ များပါတယ်။ ကျန်းမာ ရေးနဲ့ ပတ်သက်ပြီး ပန်းရောင် အစားတွေ ဘာတွေ ရှောင်တာလည်း မရှိဘူး။ အကုန်စား တယ်(ရယ်လျက်)။ ပန်းရောင်က ဝိတ်တက် မှာကိုလည်း သိပ်မကြောက်ပါဘူး။ တအား လည်း မထိန်းဖြစ်ဘူး။ ဒါပေမဲ့ ပန်းရောင်က ရိုက်ကူးရေးတွေ ရှိနေတော့ အစားကို အချိန် ပုံမှန်မ စားဖြစ်ဘူး။ မုန့်စားတာများတယ်။ ထမင်းအများကြီး မစားဖြစ်ဘူး။ အဲဒါကြောင့် သိပ်မဝဘူးလို့ ပြောကြတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အမှန်တကယ် ပန်းရောင် တအား ဂရုစိုက်သင့်တယ်။ ဒါပေမဲ့ သိပ်ဂရုမ စိုက်ဖြစ်ဘူး။ ပန်းရောင်က ရေသောက်တာ နည်းတယ်။ အိမ်မှာဆို အမြဲဆူခံရတယ်။ ထွေထွေထူးထူး ဂရုစိုက်တာတော့ မရှိပါဘူး။ အားက စားနဲ့ပတ်သက်ပြီးတော့ ပန်းရောင်က ဘတ်စကက်ဘော၊ ကြက်တောင်ရိုက်၊ ရေကူး တာတွေ ကြိုက်တယ်။ ဒါပေမဲ့ အခု နောက်ပိုင်း အချိန်မရတော့ သိပ်မကစားဖြစ် တော့ဘူး။ အဲဒီအတွက်လည်း ပြန်ဂရုစိုက်နေ ပါတယ်” လို့ ပြောပါတယ်။

 

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here