ကိုယ်တိုင်Producerလုပ်တဲ့ချစ်သုဝေ

0
302

အဆိုတော် သရုပ်ဆောင် ချစ်သုဝေဟာ လက်ရှိမှာ ‘Art of Universe ‘ Production ကို တည် ထောင်ထားပြီး ပွဲဦးထွက် ဇာတ်ကား အဖြစ် နွေလယ်မိုး Summer Rain Story ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ် မှာ ဖြစ်ပါတယ်။ သီချင်းတွေ သီဆိုရင်း သရုပ်ဆောင်လည်း လုပ်နေရာကနေအခု ပရိုဂျူဆာ အဖြစ်ပါ လုပ်ကိုင်လာပြီဆိုတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ချစ်သု ဝေကို မေးမြန်းကြည့်ခဲ့ပါတယ်။

”အဓိကက Production ထောင်တယ်ဆိုတာထက် အဲဒီဇာတ် ကားမှာ နွေလယ်မိုးရဲ့ လက်ထောက် ဒါရိုက်တာ ရူပါမိုးမိုးလေးက ထရီဇာ ရဲ့ ညီမလေးလိုပဲ။ သူ ဒီလမ်းကြောင်း ပေါ် ရောက်အောင်၊ Documentary ဘက်တွေ ရောက်အောင် ထရီဇာ ကိုယ်တိုင်ပဲ မြေတောင်မြှောက် ပေး လိုက်တာဆိုတော့ သူ တအားကြိုးစား တာလည်း သိတယ်။ အဲဒီ လူငယ် လေးတွေက ထရီဇာ့ကို တစ်နေ့ကျ တော့ ဇာတ်ညွှန်း၊ ဇာတ်လမ်းလေး လာပြတာပေါ့။ လူငယ်တွေ ပေါင်းပြီး တော့ သူတို့ဘာသာ သူတို့ ဖန်တီး တာကို မထရီဇာ သဘောကျတယ်ပေါ့နော်။ အဲဒီဇာတ်ကား လေးက ကျပ်သိန်း ၄ဝ နီးပါးလောက်ပဲ တကယ်တမ်း ကုန်ကျသွားတယ်။ လူငယ် တွေအားလုံးက အဓိကက ကုန်ကျတဲ့ Low Budget မှာ သူတို့ ရဲ့ Talent Fees တွေ ဘာတစ်ခုမှ ကလေးတွေက မယူကြဘဲနဲ့ ဝိုင်းဝန်းပြီးတော့ ပစ္စည်းရှာလည်း သူတို့၊ ရှုတင် Location ရှာလည်း သူတို့ အဲဒီလိုမျိုး ဝိုင်းဝန်းပြီး လုပ်ကြလို့ပေါ့။ အကုန်လုံး အဆင်ပြေခဲ့ပါတယ်ဓလို့ ချစ်သုဝေက ပြောပါတယ်။

အနုပညာချစ်စိတ်ရှိတဲ့ လူငယ် တွေကို အားပေးတဲ့အနေနဲ့ ဒီဇာတ် ကားကို ထုတ်လုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း အားပေး ကြပါလို့ သူက ဆက်လက်ပြော ပါတယ်။

”နွေလယ်မိုးကို ထွက်လာရင် စောင့်ကြည့်ပေးပါ။ အဓိကကတော့ ဒီနွေလယ်မိုးဇာတ်ကားဟာ ရုပ်ရှင်ပွဲ တော်တွေကို ပတ်မယ်။ ပွဲတော်တွေ ပတ်ပြီးသွားတော့မှ မြန်မာနိုင်ငံမှာ ဆင်ဆာတင်ကြည့်မယ်။ ဆင်ဆာခွင့် ပြုချက်ရပြီဆိုရင် ရုပ်ရှင်ဇာတ်ကား ကြီးတွေပါ ပြောင်းဖို့က နောက် တစ်ဆင့် စဉ်းစားကြမှာပေါ့နော်။ ပရိသတ်ရှိတယ်ဆိုရင် သူတို့ ရုံတင်ဖို့ အားရှိမယ်လေ။ အဓိကကတော့ ပရိသတ်ပဲ။ Main Stream ပေါ် ရောက်ဖို့ ကြိုးစားနေကြတဲ့ တကယ့် အနုပညာချစ်စိတ်ရှိတဲ့ လူငယ်တွေကို အားပေးကြပါ” လို့ ချစ်သုဝေက ပြောပြခဲ့ပါတယ်။

ချစ်သုဝေဟာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှာ ထွက်ရှိမယ့် သူ့ရဲ့တေးစီးရီးခွေအတွက်လည်း ကြို တင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သဲစုလှိုင်၊၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here