တစ်ခါတလေ တော့လည်း အလုပ်ထဲမှာ အခက်အခဲတွေရှိတာပါပဲစိုးမြတ်သူဇာ

0
614

စိုးမြတ်သူဇာက လက်ရှိမှာတော့ ‘ငါမုန်းတဲ့အက္ခရာ’ ရုပ်ရှင် ဇာတ်ကား ကြီးမှာပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် လုပ်ကိုင်လေ့ရှိတဲ့ သူကတစ်ခါတ လေတော့လည်း အလုပ်ထဲမှာအခက်အခဲတွေရှိတာပါပဲရယ် လို့ ဖွင့်ဟခဲ့ပါတယ်။

”မကြီးက အလုပ်ကိုတော့ အမြဲ တမ်း အကောင်းဆုံးဖြစ်အောင် လုပ် တာပါပဲ။ ဒါပေမဲ့ တစ်ခါတလေမှာ တော့ မကြီးလည်း အလုပ်ထဲမှာ အခက် အခဲတွေ ရှိတာပါပဲ။ အခက်အ ခဲဆိုတာက ဘယ်နေရာမှာမဆို ရှိ တယ်လေ။ မကြီးလည်း သည်းညည်း ခံရတာပါပဲ။ အဆင်ပြေအောင် လိုက်ပြီး ညှိရတာပါပဲ။ အဓိကက တော့ သည်းခံနိုင်ဖို့ပါပဲ။ တစ်ခါတ လေမှာ စိတ်ညစ် ပြီး အလုပ်တောင် မလုပ်ချင်တာတွေ ရှိတာပဲ။ အဲဒီအခါ မှာ ကိုယ့်ဘာသာကိုယ် သတိလေး ထားပြီးတော့ နေရတာပါပဲ။ တစ် ဖက်နဲ့တစ်ဖက် နားလည်ပေးနိုင်ရင် သည်းခံနိုင်ပါတယ်။ အဲဒါကြောင့် ပရိသတ်တွေကိုလည်း ပြောချင်တာ က ပရိသတ်တွေမှာလည်း ခက်ခဲ တာတွေ ရှိမယ်။ ဘာလို့လဲဆိုရင် မကြီးတို့က လူ့လောကကြီးမှာ အဆင်ပြေအောင်နေနေကြရတာ ဖြစ်တယ်။ အဲဒါ ကြောင့် ပရိသတ်တွေကိုလည်း အခက်အခဲ တွေ ကြုံလာရင် စိတ်ဓာတ မကျဘဲ အဆင်ပြေအောင် နေပါလို့ ပြောချင် ပါတယ်” လို့ စိုးမြတ်သူဇာက ပြောပြပေးတယ်။

စိုးမြတ်သူဇာက သူတို့ စိုးညီအစ်မတွေ စုပေါင်း ဖွင့်လှစ်ထားတဲ့ မင်းသမီး ပိုးထည်တိုက်ဖွင့်ပွဲနေ့ ပြီးကတည်းက အဲဒီ ပိုးထည်တိုက်ဘက်ကို မလှည့်ဖြစ်သေးဘဲ ညီမတွေရဲ့ ဦးစီးမှုနဲ့ပဲဆိုင် ကတည်ရှိနေတာ ဖြစ်တယ်လို့ဆိုတယ်။

”မင်းသမီးပိုးထည်တိုက်ကတော့ မကြီးရဲ့ညီမသုံးယောက်နဲ့ တိုင်ပတ်နေပြီ လားမသိဘူး။ မကြီးလည်း ဖွင့်ပွဲနေ့ ပြီးကတည်းက ရိုက် ကွင်းရောက် နေတော့ အဲဒီဘက်ကို မရောက်ဖြစ်ဘူး။ ရှုတင်နားတဲ့ ရက်တွေမှာတော့ မကြီးဆိုင်သွားထိုင် မှာပါ” လို့ စိုးမြတ်သူဇာက ဆိုပါတယ်။

ထက်လူ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here