တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲမန္တလေးမြို့ ကျုံးအတွင်း ကျင်းပ

0
264

တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာလှေလှော်ပြိုင်ပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အနောက် ဘက်ကျုံးအတွင်း၌ အောက်တိုဘာ လ ၂၇ရက်နှင့် ၂၈ ရက်နေ့တို့က ကျင်းပခဲ့သည်။

လှေလှော်ပြိုင်ပွဲတွင် တိုင်းဒေ သကြီးနှင့် ပြည်နယ်၁၃ သင်းမှ က စားသမား ၃ဝဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြပြီး အမျိုးသား၊အမျိုးသမီး လှေလှော်သရုပ်ပြ ၁ဝ တက်ပြိုင်ပွဲ၊ မီတာ ၂ဝဝ ၊ ၅ဝဝ ၊ ၅ တက်၊ ၇ တက်၊ ၁ဝ တက်ပြိုင်ပွဲများ စုစုပေါင်း ၁၄ မျိုး ယှဉ်ပြိုင်ခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး ကိုယ် စားပြု လှေလှော်အသင်းမှ ပထမတံ ခွန်စိုက်ဖလားနှစ်ဆုနှင့် ပဲခူးတိုင်း ဒေသကြီး ကိုယ်စားပြုလှေလှော်အ သင်းက ပထမတံခွန်စိုက်ဖလား တစ်ဆု ဆွတ်ခူးခဲ့ကြောင်းသိရှိရ သည်။

ပြိုင်ပွဲကို လှေလှော်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာ စေရေးနှင့် ပြည်သူလူထုစိတ်ပါဝင် စားမှုရရှိစေရေးအတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး ၂ဝ၁၉ခုနှစ် ဒီဇင်ဘာလ ဖိလစ်ပိုင် နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၃ဝ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင်လည်း ရိုးရာလှေပြိုင်ပွဲ ဝင် ရောက်ယှဉ်ပြိုင်မည် ဖြစ်သည့်အ တွက် မျိုးဆက်သစ်အားကစားသ မားများ အဓိက ဖော်ဆောင်ရေး လုပ်ငန်းအတွက် ကျင်းပဆောင်ရွက် ခြင်း ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here