ကိုရီးယား မော်ဒယ်လ်Seo Min Junရွေးချယ်တဲ့ ဖက်ရှင်ဒီဇိုင်း

0
206

ကိုရီးယားမော်ဒယ်လ်တစ် ယောက်ဖြစ်တဲ့ Seo Min Jun ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၄ ရက်နေ့က အလုပ်ကိစ္စနဲ့ ရောက်ရှိ လာခဲ့ပါတယ်။ စမတ်ကျပြီး လန်းနေ တာမို့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုရွေးချယ်ဖြစ်လဲလို့ မေးကြည့် တဲ့အခါမှာတော့ Seo Min Jun က….

”ပုံမှန်အနေနဲ့ဆိုရင် ဂျင်း(န်)နဲ့ တီရှပ်နဲ့ ဝတ်ရတာကြိုက်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း အရောင် တောက်တောက်လေးတွေကို ဝတ်ရတာ သဘောကျတယ်။ ကိုရီး ယားက အခုလိုအချိန်မှာ အေးတဲ့ ဘက်ကို ရောက်နေပြီဖြစ်တော့ ဟိုမှာဆို ကုတ်အကျီတွေဘာတွေ ဝတ်နေရပေမယ့် မြန်မာနိုင်ငံကို ရောက်ရှိ လာတော့ အေးတဲ့အချိန် မဟုတ်ဘဲနဲ့ အကုန်လုံးက အင်္ကျီပါး ပါးလေးတွေ ဝတ်တာပဲတွေ့တယ်။ အဲဒီအတွက် မြန်မာနိုင်ငံ ရာသီဥတု ကို လေ့လာကြည့်တော့ နွေရယ်၊ မိုးရယ်၊ ဆောင်းရယ်၊ မျှတတယ်လို့ ကျွန်တော် ခံစားမိတယ်။ အဲဒီအ တွက်လည်း ဒီမှာနေတဲ့အချိန်ကို တီရှပ်လေးတွေ တော်တော်များများ ဝတ်ဖြစ်မယ်ထင် တယ်။ ကိုရီးယား မှာဆိုရင်တော့ ဝတ်ဖြစ်တာက ရာသီဥတုက တအားအေးတော့ ကုတ်တွေနဲ့ပဲ ဝတ်ဖြစ် တာများတယ်” လို့ ပြောပါတယ်။

သူကတော့ နိုဝင်ဘာလ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ လုပ်သွားမှာဖြစ်ပါတယ်။ ကြော်ငြာ တွေလည်း ရိုက်ကူးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

”မြန်မာနိုင်ငံကို လာရတဲ့ အ ကြောင်းအရင်းက ဒီမှာ K – Beauty ကြော်ငြာရိုက်ပေးတယ်။ ပြီးတော့ တခြား ရိုက်ကူးစရာရှိတဲ့ Photo Shooting လေးတွေလည်း လုပ်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံကို ရောက်တဲ့ အချိန် မြန်မာအစားအ စာတွေကို လည်း စားဖြစ်တော့ တအားကြိုက် တယ်။ ချဉ်၊ ငန်၊ စပ်တွေ များများပါ တော့ စားရတာ ခံတွင်းတွေ့ တယ်။ အဲဒီအတွက်လည်း မြန်မာ အစား အသောက်တွေ များများစားဖြစ် တယ်။ (ရယ်လျက်)” လို့ Seo Min Jun က ပြောပြခဲ့ပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here