ထုတ်လုပ်ရေးပိုင်းနဲ့ ဒါရိုက်တာပိုင်းကိုဆက်လုပ် ဖြစ်သွားမယ့်ခွန်းဆင့်နေခြည်

0
204


‘မှော်ဝင်သမန်းကျား’ရုပ်ရှင် ဇာတ်ကားနဲ့ ပရိသတ် အားပေးမှု ရရှိနေတဲ့ သရုပ်ဆောင်ခွန်းဆင့် နေခြည်က နောက်ထပ်လည်း သူ့ရဲ့ ထုတ် လုပ်ရေးကနေ ရုပ်ရှင်ဇာတ် ကားကောင်းတွေ ပေါ်ထွက်လာအောင်တတ်နိုင် သ လောက် ကြိုးစားမှာဖြစ်ပြီး ချစ်ကြိုက်ကွဲညား ဇာတ် လမ်း မျိုးတွေနဲ့ ခွဲထွက်နိုင်တဲ့ ဇာတ်လမ်းမျိုး၊ တစ်မူ ထူးခြားမယ့် ဇာတ် လမ်းမျိုးတွေကို ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ မြန်မာ့ရုပ်ရှင်ကို နိုင်ငံတကာ အဆင့်မီ ဇာတ်ကားတွေဖြစ် အောင် ကြိုးစားချင်တယ်လို့ဆိုတဲ့ ခွန်းဆင့်နေခြည်က….

”အခုမြန်မာ့ရုပ်ရှင်လောကက အရင်ထက်စာရင် အများကြီး တိုးတက်ပြောင်းလဲလာတယ်။ ဒါပေမဲ့ နိုင်ငံ တကာကိုမီဖို့ အများကြီးလိုက် ရဦးမယ်။ ထပ်ထွက် လာတဲ့ ရုပ်ရှင်ဇာတ်ကားတွေရော၊ မထွက်သေးဘဲ တန်းစီနေတဲ့ ဇာတ်ကားတွေရော အားလုံးထဲမှာ ကွာလတီတွေ ပိုတက်လာ တယ်။ အရင့်အရင်ထက်စာရင် Sound System ပိုင်းရော၊ ဇာတ် လမ်းပိုင်းဆိုင်ရာတွေရော ပိုကောင်း လာတယ်။ အစ်မတို့က ဒီထက်မက ပိုကောင်းအောင် ကြိုးစားချင်သေးတယ်။ ကမ္ဘာ ကျော်တဲ့ဇာတ်ကားတစ် ကားရဖို့အတွက်ကို နိုင်ငံပေါင်းစုံမှာရှိတဲ့ co-producer တွေပေါင်းပြီးတော့ လုပ်ကြတယ်။ ဒါမှလည်း နိုင်ငံကျော်တဲ့ကမ္ဘာ ကျော်တဲ့ ဇာတ်ကားကောင်း ကြီးတွေ ထွက်လာမှာလေ။ ကုန်ကျစရိတ်တွေ လည်း အများကြီးတွေ၊ စူပါဘတ်ဂျက်တွေအများကြီးပဲ။ တစ်ဦးတစ်ယောက် ရဲ့ ပရိုဂျူဆာအင်အားနဲ့ ဘယ်လိုနည်းနဲ့မှ လုပ်လို့မရဘူး။ မြန်မာနိုင်ငံမှာ မြန်မာဇာတ်ကား ကောင်း တစ်ကားကို ကမ္ဘာကို ထိုးဖောက်ဖို့အတွက်ကို ပရိုဂျူဆာတစ် ယောက် တည်းရုန်းကန်လို့မရဘူး။ အဲဒီအတွက် အစ်မက co-producer တွေအများကြီး ပေါင်းစုပြီးလုပ်နိုင်တဲ့ ကမ္ဘာကျော်မယ့် မြန်မာ ဇာတ်ကား တစ်ကားကိုဖန်တီး ချင်တဲ့စိတ်တော့ရှိ တယ်။ ဒါပေမဲ့ လည်း အစ်မရဲ့ တစ်ခြားစိတ်တစ်ခုနဲ့ ပြန်တွေးလိုက် တဲ့အခါကျတော့ နိုင်ငံတကာမှာ အဲဒီလိုလုပ်လို့ရ တယ်ဆိုတာ နည်းစနစ်တွေ System တွေကောင်း လို့ လုပ်လို့ရတာပေါ့။ မြန်မာ နိုင်ငံမှာ လည်းဒီလိုနည်းစနစ်တွေ System တွေကို စနစ်တကျ အသုံးပြုပြီးတော့ ပရိုဂျူဆာ ပေါင်း မြောက်မြားစွာနဲ့ ကမ္ဘာကျော်မယ့် မြန်မာ ဇာတ်ကားတစ်ကားကို ပုံဖော်နိုင်မယ်ဆိုရင် အရမ်း ကောင်းမှာပဲ။ အဲဒီလိုဖြစ်စေချင်တယ်။ ဘယ်လိုလုပ်မလဲ ဆိုတဲ့အတွေးလေးတွေတော့ ရှိတာပေါ့။ အဲဒါကျတော့ ကိုယ့် ထက် ဝါရင့်တဲ့ လူကြီးတွေ ရှိတယ်။ စီနီယာတွေရှိတယ်။ သူတို့ တွေနဲ့ တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီးတော့ အဲဒီလိုလုပ်ချင်တဲ့စိတ် ပြင်း ထန်နေ တယ်။ ဒါပေမဲ့လည်းအကောင်အထည်ပေါ်လာဖို့ဆိုတာ နည်းနည်းတော့ လိုဦးမယ်ထင်ပါတယ်” လို့ပြောပါတယ်။

ခွန်းဆင့်နေခြည် အသက်အရွယ် တစ်ခုရောက်လာတဲ့အခါမှာ တော့ အမေခန်းတွေကို သရုပ်ဆောင်သွားဖို့ အစီအစဉ်မရှိပါဘူး။ ဒါ ကြောင့် နောက်ပိုင်းမှာ ထုတ်လုပ် ရေးနဲ့ ဒါရိုက်တာပိုင်းကို ဦးစားပေးလုပ်ဆောင် သွားမှာ ဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံမှာ သင်တန်းတွေ တက်ပြီး လေ့လာဖြစ် နေပါတယ်။

”အစ်မ အမေရိကား ရောက်တော့ နယူးယောက်မှာ Film School တက်တယ်။ တက္ကသိုလ်မှာ ၄နှစ်တက်တာမျိုးတော့မဟုတ်ဘူး။ အချိန်လည်း မပေးနိုင်ဘူး။ အဲဒီအ တွက် ၃လပြတ် သင်တန်းသဘောမျိုး လေးတွေ တက်တယ်။ Diploma ပုံစံမျိုးလေးတွေ တက်တယ်။ အစ်မတက်ချင်တဲ့ Cinematography နဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို အရင်ဘာမှမသိမတတ်တဲ့အချိန်၊ သရုပ်ဆောင် အိုက်တင်ကလွဲပြီး ဘာမှမလုပ်တတ်တဲ့ အခြေအနေထက်စာရင် အခုလက်ရှိ အခြေအနေမှာ သိသင့်သလောက်ဝမ်းစာလေးတွေ ဖြည့်နေတယ်။ အမြင်အာရုံ တွေလည်း အရင်ကထက်စာရင် ပွင့်သွားခဲ့တယ်။ အားရင်အားသလိုလည်း ဒီပညာတွေကို ဆက်လက် လေ့လာမယ်။ ဆည်းပူး သွားပါမယ်။ ထုတ်လုပ်ရေးပိုင်းနဲ့ ဒါရိုက်တာပိုင်း ကို ဦးတည်သွားမယ်။ သရုပ်ဆောင် အလုပ်ဆိုတာအချိန်အတိုင်းအတာတစ်ခုအပေါ်မှာပဲလုပ်လို့ ရတယ်။ အသက်ကြီး ပိုင်းအမေခန်းတွေ ကိုတော့ ရိုက်ဖို့အစ်မမှာ အစီအစဉ် မရှိဘူး။ လုပ်လို့ရတဲ့အခြေအနေ အတော အတွင်းမှာတော့ လုပ်သွားမှာပါ” လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here