အဆိုးအကောင်းတွေကို ၁၈ နှစ်ကျော်ကြာ နှစ်ယောက်အတူ ရင်ဆိုင်ဖြတ်သန်းခဲ့တဲ့ ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ရဲ့ အချစ်ခရီး

0
144

အနုပညာရှင်နှစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီး နားခီတို့ ဇနီးမောင်နှံက စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်တွေကို အကောင်အထည်ဖော်လျက်ရှိကြပါတယ်။ အနုပညာကို ချစ်မြတ်နိုးကြသူ နှစ်ဦးဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေနဲ့ အပြန် အလှန်ပံ့ပိုးပေးနေကြသူပါ။ မအောင်မြင်ခင်မှာလည်း အခက်အခဲတွေ မျိုးစုံကြုံတွေ့ခဲ့ရပြီး အတူရင်ဆိုင် ကျော်ဖြတ်ခဲ့ကြသူတွေပါ။ အခက်အခဲတွေကို ဘေးကနေအတူရင်ဆိုင်ခဲ့တဲ့ ဇနီးဖြစ်သူကို အမြဲတမ်းချစ်သွားမှာ ပါလို့ဆိုတဲ့ ဇဏ်ခီက… ”စတွေ့ကတည်းကလည်းချစ်တယ်။ အမြဲတမ်း လည်းချစ်သွားမှာပါ။ ဒိုးတူပေါင်ဖက်ပေါ့။ ကျွန်တော်တို့ နှစ်ယောက်က ဘာမဆို အဆိုးရော၊ အကောင်းရော အတူတူလက်တွဲပြီး လျှောက်လာကြတာ ကြာပြီလေ။ ၁၈ နှစ်ကျော်ပြီ။ ရှေ့လျှောက် ဒီအတိုင်းပဲဆက်သွားမှာပါ။ ဘယ်လောက်ပဲ အောင်မြင်မှုရရ ကြိုးစားမှအမြင့်ကို တက်လှမ်းပြီး အောင်မြင်မှုရနေမှာလေ။ သူလည်းကြိုးစားနေပါတယ်။ ရှေ့လျှောက် Project တွေ အတူတူလုပ်ပြီး သူ့ကိုပံ့ပိုးပေးသွားမှာပါ”လို့ ပြောပါတယ်။ သူတို့ဇနီး မောင်နှံဟာ ရိုက်ကွင်းပေါ်မှာလည်း အလုပ်တွေအမြဲအတူတူ လုပ်နေကြတဲ့အတွက် အချိန်တော်တော်များများ အတူရှိနေကြ သူတွေပါ။ ရိုက်ကွင်းပေါ်မှာ ခင်ပွန်းဖြစ်သူရဲ့ပြောင်းလဲမှု တွေနဲ့ပတ်သက်ပြီး ခရစ္စတီးနားခီက… ”သူကတော့ တအား ပြောင်းလဲသွားတယ်။ အိမ်ကအမျိုးသားလို့ လုံးဝမထင်ရတော့ဘူး။ တော်တော်ကြီး ပြောင်းလဲသွားတယ်။ သူသိချင်မှသိလိမ့် မယ်။ သူ့ရဲ့ပြောပုံဆိုပုံတွေ၊ နေပုံထိုင်ပုံတွေ၊ ပြီးတော့ သိပ်လည်း စကားပြောမခံတော့ဘူး။ မိသားစုအကြောင်းတွေကို အလုပ်ထဲကို အယူမခံဘူးပေါ့။ အစ်မကလည်း ဒါရိုက်တာဖြစ်သွားတော့ သူ့မိန်းမ ပုံစံမျိုးထက်၊ သူတို့ Techniques တွေရှိတယ်။ ဆရာသင်သွားတာတွေကို လည်း အစ်မလေ့လာဆည်းပူးထားတော့ ဒီဟာတွေကို အစ်မနားလည် တယ်။ သူနဲ့ဝေးဝေးမှာနေတာများတယ်။ သူဘာလုပ်နေလဲဆိုတာ ကိုယ်သိတော့ တအားဝင်မစွက်ဖက်ဘူး”လို့ ပြောပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီက အမျိုးသမီးပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိသူ မင်းသား တစ်လက်ပါ။ အဲဒီအတွက်လည်း နားလည်မှု အပြည့်ပေးထားပါတယ်လို့ ဆိုတဲ့ ခရစ္စတီးနားခီက …”ပွဲတွေ မှာတော့ အစ်မက သူ့ရဲ့အမျိုးသမီး တစ်ယောက်အနေနဲ့ နေတဲ့အချိန်မှာ ဒါကသူ့ရဲ့အလုပ်လေ။ သူ့မှာ ပရိသတ်မရှိရင် ဘယ်လိုမှ မင်းသားဖြစ်လာမှာမဟုတ်ဘူး။ သူ့ပရိသတ်တွေနဲ့ သူ့ကြားမှာ အစ်မနားလည်ရမယ်။ အလုပ်ကတော့ အစ်မသူ့တစ်ယောက်တည်းကို နားလည်တာမဟုတ်ဘူး။ မင်းသားတွေ မင်းသမီးတွေအများ ကြီးနဲ့ အလုပ်လုပ်ရတာဆိုတော့ သူတို့ ကာရိုက်တာထဲကို ဝင်ရင် ဝင်သလောက်၊ ကြိုးစားရင် ကြိုးစားသလောက် ဘေးကနေပံ့ပိုးရမယ်။ အနှောင့် အယှက်တွေ သိပ်မလုပ်တတ်ဘူး”လို့ ပြောပါတယ်။ သူတို့ ဇနီးမောင်နှံက နောက်ထပ်လည်း Now and Ever ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို အတူ ဖန်တီးပုံဖော်သွားဖို့ စီစဉ်နေပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here