ပျော်ရွှင်တဲ့ မိသားစု ဘဝလေးရရှိနေတာမို့ သဉ္ဇာနွယ်ဝင်း

0
310

အိမ်ထောင်ကျပြီးနောက် အနုပညာလှုပ်ရှားမှုတွေ မလုပ်ဖြစ်တော့တဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက ခင်ပွန်းဖြစ်သူ ကိုလှမျိုးမြင့်၊ သားလေး ကျော်မျိုးမြင့် (ခ) Peach Lay တို့နဲ့အတူ ပျော်ရွှင်ဖွယ် မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့က ကျရောက်တဲ့ သားလေးရဲ့ ၁ နှစ်ပြည့်မွေးနေ့ပွဲကိုလည်း မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူ ဖြတ်သန်းခဲ့ပြီး အလှူအတန်း တွေလည်း ပြုလုပ်ခဲ့ပါတယ်။ မိသားစုဘဝမှာ ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေး တွေကို ကူညီပေးရင်း တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု အပြည့်နဲ့ ရှေ့ဆက်နေတယ်ဆိုတဲ့ အကြောင်းကို သဉ္ဇာနွယ်ဝင်းက … ”တစ် ယောက်နဲ့ တစ်ယောက် အဓိကကတော့ ယုံကြည်မှုရှိတယ်။ ပြီးတော့ သစ္စာရှိရမယ်။ ပြီးတော့ နားလည်မှုတွေထားပြီး ရေရှည်ဆက်သွားဖြစ်မှာပါ။ အခုဆို သဉ္ဇာတို့ မိသားစု ၃ ယောက်စလုံး စည်းစည်းလုံးလုံးလေး နေရတဲ့အတွက် ကြည်နူးမိတယ်။ သားလေးကလည်း အခုဆို အဖေနဲ့ အမေကို တအားချွဲတတ်လာပြီ။ သားလေးက အဖေကို ပိုပြီးကပ်တယ်။ အမူအရာလေးတွေကလည်း တအားချစ်ဖို့ကောင်းတယ်။ ဒီလိုမျိုး ပျော်ရွှင်တဲ့ မိသားစုဘဝလေး ရရှိနေတာမို့ ကျေနပ်တယ်”လို့ ပြောပါတယ်။

ခင်ပွန်းဖြစ်သူ ကိုလှမျိုးမြင့်ကလည်း စီးပွားရေးလုပ်ငန်းတစ်ဖက်နဲ့ မိသားစုအတွက် အချိန်ပေးဖြစ်ပုံကို … ”ကျွန်တော် စီးပွားရေးကလည်း လုပ်နေတော့ တစ်ခါတလေ မိသားစုကို အချိန်မပေးနိုင်မှာ စိုးရိမ်တယ်။ ဒါပေမဲ့လည်း ကျွန်တော် အလုပ်အားတဲ့အချိန်တွေမှာတော့ မိသားစုအတွက်ပဲ အချိန်ပေးတယ်။ ကျွန်တော် အလုပ်တွေ ရှုပ်နေတဲ့အချိန်မှာ သူက နားလည်မှု အပြည့်ပေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ရှိတဲ့အတွက်ကြောင့် ရေရှည်သွားဖို့အတွက် အဆင်ပြေတယ်။ အဲဒီအတွက်လည်း သူ့ကို ကျေးဇူးတင်ပါတယ်။ မိသားစုနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်လေးနေရတဲ့ အတွက် ကြည်နူးမိတယ်”လို့ ပြောပြခဲ့ပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ-မင်းမင်းထွန်

 


LEAVE A REPLY

Please enter your comment!
Please enter your name here