ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ရင်ဆိုင်မယ်ဆိုတဲ့စိတ်ကူးနဲ့ လက်ထပ်လိုက်သူရွှေထူး

0
193

ရွှေထူးပြောထားတဲ့ စကားရှိ တယ်လေ။ ဘာဖြစ်လို့ လက်ထပ် လိုက်တာလဲ။ ချစ်မိသွားလို့။ အဲဒီအ တိုင်းပါပဲ။ သူတို့နှစ်ယောက် တစ် ယောက်နဲ့ တစ်ယောက်သိပ်ချစ်ကြ တယ်။ ရွှေထူးက ရွှေမှုံရတီကို ဘော လုံးကွင်းကြီးထဲမှာ လက်ထပ်ခွင့် တောင်းခဲ့တာကလည်း တအားကျွိုသာညေအငခ ဆန်ခဲ့ပါတယ်။ ဘောလုံး ကွင်းကြီးထဲ ည ၁၁ နာရီ ၁၁မိနစ် တိတိမှာလက်ထပ်ခွင့်တောင်းဖြစ် သွားတာက. . .

”သူက Suprise တအား ကြိုက်တယ်လေ။ ကျွန်တော့်ကိုလည်း အမြဲတမ်း Suprise တွေလုပ်လို့ ကျွန်တော်တအားပျော်ရတယ်။ သူ့ကိုလည်း ပျော်စေချင်တော့ ကျွန် တော့်သူငယ်ချင်းနဲ့တိုင်ပင်ပြီးတော့ ဘာပဲဖြစ်ဖြစ် သူလည်း လူငယ် တစ်ယောက်ဆိုတော့ လူငယ်ဆန် ဆန် လက်ထပ်ခွင့်တောင်းတာလေး ကို လိုချင်မှာပဲ။ ကျွန်တော်ကိုယ် တိုင်လည်း လူငယ်ဆန်ဆန် Romantic ဆန်ချင်တယ်။ ကျွန်တော်က သူ့ထက်တော့ အသက် ကြီးတာပေါ့။ ဒါပေမဲ့ ကျွန်တော်အသက်အများ ကြီးမကြီးသေးပါဘူး။ အဲဒါကြောင့် လက်ထပ်လက်စွပ်လေးနဲ့ လက်ထပ် ခွင့်တောင်းခဲ့တာပါ။ ၁၁ နာရီ ၁၁ မိနစ်မှာ ကားနဲ့ပတ်ပြီးတော့ ရန် ကုန်ယူနိုက်တက်ကွင်းကို ခေါ်သွား တာ”လို့ ရွှေထူးက ပြောပါတယ်။ သူတို့နှစ်ယောက်ကို ဝေဖန်ကြတဲ့ အပေါ်မှာလည်း ရွှေထူးက… ”နှစ်ယောက်စလုံးက အား လုံးသိတဲ့အတိုင်းပဲလေ။ အွန်လိုင်း မှာဆိုရင်လည်း ကျွန်တော်တို့နှစ် ယောက်ကို ပြောတဲ့သူတွေ အများ ကြီးပဲ။ ချစ်တဲ့သူတွေလည်း ရှိသလို မုန်းတဲ့သူတွေလည်းရှိမှာပဲ။ အဓိ ကကတော့ ကျွန်တော်တို့နှစ်ယောက် ကို ချစ်တဲ့မျက်စိလေးနဲ့ပဲ ကြည့် ပေးပါလို့ ကျွန်တော်မေတ္တာရပ် ခံတယ်။ လူတိုင်းချစ်တတ်တယ်။ အသက်ကြီးတာ၊ ငယ်တာမရှိသလို Celebrity တွေ၊ သာမန်လူတွေ မရှိ ပါဘူး။ လူတိုင်းအချစ်နဲ့ မကင်းပါဘူး။ အဲဒီတော့ ကျွန်တော်တို့တင်လိုက်တဲ့ Caption အတိုင်းပါပဲ။ ချစ်မိ သွားလို့ပါ”လို့ ပြောပါတယ်။


အသစ်စက်စက်ဇနီးချောလေး ဘေးနားမှာ ရှိပေးနေတာကိုပဲ ကျေး ဇူးတင်နေပါပြီလို့လည်း ရွှေထူးက ဆိုပါတယ်။


”စပြီးတော့ ရည်းစားဖြစ်တယ် ဆိုပြီး ဘန်ကောက်က ပုံလေးတွေ စပြီးတင်ကတည်းက နှစ်ယောက် သားတစ်ယောက်လက်ကို တစ် ယောက်ဆွဲပြီးတော့ တင်လိုက် တာ။ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေ ပဲဖြစ်ဖြစ် ရင်ဆိုင်မယ်။ အထူးသဖြင့် တော့ သိတဲ့အတိုင်းပဲ။ အကုန်လုံးရဲ့ ဝေဖန်မှုဒဏ်တွေက ကျွန်တော့်ဆီကို လာတာဆိုတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူ့ကိုကျေးဇူး တင်တယ်။ ကျွန်တော့်ဘေးနားမှာ ရှိနေပေးတာကိုပေါ့”လို့ ပြောပြခဲ့ ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here