ကိုယ်ချစ်တဲ့လူတစ်ယောက်နဲ့ အတူတူနေချင်တာတော့ မမှားဘူးထင်တာပဲ ရွှေမှုံရတီ

0
630

သဲသဲလို့ ချစ်စနိုးခေါ်တဲ့ ရွှေ မှုံရတီကတော့ ဥရောပကို ပျားရည် ဆမ်းခရီးထွက်ဖြစ်မယ်လို့ ဆိုပါ တယ်။ ရွှေထူးကလည်း သဲသွားချင်တဲ့ ဥရောပကို လိုက်ပို့ပေးပါမယ်တဲ့။ ပြင်သစ်နိုင်ငံပေါ့လေ။ ပြီးခဲ့တဲ့ ရက် သတ္တပတ်ကမှ မင်္ဂလာလက်မှတ်ရေး ထိုးပွဲကို နေပြည်တော် Park Royal Hotel မှာ တိတ်တဆိတ်ကျင်းပခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ မင်္ဂလာ သတင်းက ပရိသတ်တွေကို အံ့အား သင့်စေခဲ့ပါတယ်။ မှတ်မှတ်ရရဆိုရင် ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာ ၃ဝ ရက်နေ့ပေါ့။


”နေပြည်တော်အစီအစဉ်လေး ကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ နှစ် ယောက်လက်မှတ်ထိုးဖြစ်သွားတာ ပေါ့။ အစကတည်းက အစီအစဉ်ရှိ ထားပြီးသားပဲ။ ရုတ်တရက်ကောက် လုပ်တာတော့ မဟုတ်ပါဘူး။ မင်္ဂလာ နေ့ရက်ကိုလည်း သဲတို့ နေ့ကောင်း ရက်သာတွေကို သေသေချာချာ ရွေး ပြီးတော့မှ လုပ်ထားကြတာပါ”လို့ ရွှေမှုံရတီက ပြောပါတယ်။ တစ် ယောက်နဲ့တစ်ယောက် ချစ်သူဖြစ်ခဲ့ တဲ့ အမှတ်တရလေးကတော့ …

”ချစ်သူဖြစ်တာ ဘယ်လဆိုတာ ကိုတော့မပြောတော့ဘူး။ ‘ဧည့်သည်’ ဇာတ်ကားကနေ စတာပေါ့။ ‘ချစ်ခြင်း အစ ဧည့်သည်’ကပေါ့” လို့ ရွှေမှုံရတီ က ဆိုပါတယ်။
အောင်ဇမ္ဗူတောရကျောင်းမှာ မင်္ဂလာဆွမ်းကျွေး ပြုလုပ်တော့ ရွှေ မှုံရတီဘက်က ညီမဖြစ်သူ ငွေမှုံရတီ တက်ရောက်ခဲ့သလို ရွှေထူးဘက်က ညီမဖြစ်သူနဲ့ သူငယ်ချင်းတွေ တက် ရောက်ဖြစ်ခဲ့ပါတယ်။ လက်မှတ်ထိုးပွဲ မှာရော၊ မင်္ဂလာဆွမ်းကျွေးမှာပါ နှစ် ဖက်မိဘတွေ မတက်ရောက်ခဲ့ကြပါ ဘူး။


”အဓိကကတော့ နှစ်ဖက်မိဘ သဘောမတူတာပေါ့နော်။ အဲဒီလို မျိုးတွေဖြစ်တော့ တအားစိတ်မ ကောင်းဖြစ်မိတယ်။ သဲတို့ အရာ အားလုံးကို ဖွင့်ပြောပြီးမှ လုပ်တာပါ။ ဒါပေမဲ့ သဘောမတူဘူးဆိုတော့ မလာနိုင်ဘူးပေါ့လေ။ မလာနိုင်ဘူး ဆိုတော့ နှစ်ယောက်စလုံး စိတ်မ ကောင်းစွာနဲ့ပဲ လုပ်ရတာပေါ့” လို့ ရွှေမှုံရတီက ဆိုပါတယ်။ ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားတဲ့ အပေါ်ကိုတော့ သူ့အနေနဲ့ …

”အားလုံးကတော့ နှမြောတယ် ပေါ့နော်။ သဲရဲ့ အမေအပါအဝင် ပေါ့။ မိသားစုတွေအပါအဝင် အကုန် နှမြောကြတယ်။ ကိုယ့်ကိုယ်ကိုယ် လည်း အပြင်လူတစ်ယောက်အနေနဲ့ ဆိုရင် နှမြောတယ်ပေါ့နော်။ ဒါပေမဲ့ သဲအနေနဲ့ကတော့ မနှမြောဘူး။ ကိုယ်ချစ်တဲ့လူတစ်ယောက်နဲ့ အတူ တူနေချင်တာတော့ မမှားဘူးထင်တာ ပဲ။ သာမန်မိန်းကလေး တစ်ယောက် အနေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် တွေး လိုက်တာပေါ့နော်” လို့ ပွင့်ပွင့်လင်း လင်း ပြောပြခဲ့ပါတယ်။


မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here