မွေးနေ့မှာ ရဟန်းဝတ်ဖို့ဆန္ဒရှိနေတဲ့ အဆိုတော်ဖိုးပြည့်(မင်းသားကြီး)

0
199

အဆိုတော်ဖိုးပြည့်(မင်းသား ကြီး)က နိုဝင်ဘာလ၂၆ရက်နေ့ အ မှတ်တရဖြစ်အောင် MTVတစ်ပုဒ်ကို အွန်လိုင်းမှာ တင်ဖို့စီစဉ်နေပါတယ်။ ဒီသီချင်းကတော့ မင်းသားကြီးအခွေ ထဲက ရဲလေးရေးထားတဲ့ အဆင်ပြေ ပါတယ်သီချင်းပဲဖြစ်ပါတယ်။ ဒီသီချင်း လေးမှာတော့ သရုပ်ဆောင်သူရိယ၊ ဆုအိမ့်စံတို့နဲ့အတူ ဖိုးပြည့်ကိုယ် တိုင်လည်း ပါဝင်သရုပ်ဆောင်ထား ပါတယ်။ နောက်တစ်ခု ထူးခြားတာ ကတော့ နားထောင်တဲ့ပရိသတ်တွေကိုလည်းအထူးအစီအစဉ်တစ်ခု လုပ်ထားပေးတာပဲဖြစ်ပါတယ်။။ ဒီအစီအစဉ်ကတော့ ဒီသီချင်း MTV ကို ကြည့်ရှုပြီး မေးခွန်းတွေဖြေ ရမှာဖြစ်သလို အဖြေမှန်တဲ့ ပရိသတ် တွေအတွက် လက်ဆောင်တွေပေး သွားမှာလည်းဖြစ်ပါတယ်။

”ဒီMTVကိုပုံမှန်မဟုတ်ဘဲနဲ့ စိတ်ဝင်စားအောင် ကျွန်တော်တို့ ကြိုးစားထားပါတယ်။ ပရိသတ်တွေ အနေနဲ့ စိတ်ဝင်စားမယ်၊ သဘော လည်းကျမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဒီMTVမှာပရိသတ်တွေ ကိုယ်တိုင် ပါဝင်လို့ရမယ့် အစီအစဉ် တစ်ခုရှိပါတယ်။ အဲဒါကမေးခွန်း လေးတွေမေးမှာပါ။ ဒီ MTV ကို သေချာကြည့်ထားတယ်ဆိုရင်တော့ ပရိသတ်တွေဖြေနိုင်မှာပါ။ အဖြေ မှန်တဲ့ ပရိသတ်တွေ အတွက်ကိုလည်း ထူးထူးခြားခြားစီစဉ်ပေးထားပါ တယ်။ အဲဒါကတော့ ဘာလဲဆိုတာ ကြိုမပြောသေးပါဘူး။ ပြီးတော့ ဘာ မေးမှာလဲဆိုတာကိုလည်း ကြိုမပြော သေးပါဘူး။ ပရိသတ်တွေအတွက် ပျော်စရာကောင်းမှာကိုတော့ အာမခံ ပါတယ်” လို့ MTVကို ကြည့်ရှုနား ထောင်တဲ့ ပရိသတ်တွေ အတွက် ပြုလုပ်ထားတဲ့အစီအစဉ်နဲ့ ပတ်သက် လို့ ဖိုးပြည့် (မင်းသားကြီး) ကပြော ပြပါတယ်။ ဖိုးပြည့်(မင်းသားကြီး)က မွေးနေ့ မှာတော့ ရဟန်းဝတ်ဖို့ အစီ အစဉ်လည်းရှိနေပါသေးတယ်။ ဒါက တော့သူ့အနေနဲ့ မွေးနေ့အမှတ်တရ အနေနဲ့ ကုသိုလ်ပြုချင်တာပဲဖြစ်ပါ တယ်။ ဖိုးပြည့်နာမည်နဲ့ အဆိုတော် နှစ်ယောက်ဖြစ်နေတာက ပရိသတ် တွေအတွက် မျက်စိလည်စရာဖြစ် နေပေမယ့်လည်း အခုအချိန်မှာတော့ မင်းသားကြီးတစ်ကိုယ်တော် အခွေ ထွက်ရှိထားတဲ့ ဖိုးပြည့်က သူ့ရဲ့ နာ မည်အနောက်မှာ မင်းသားကြီးဆိုတဲ့ အမည်ကိုပါ ထပ်ထည့်ထားတာ ကြောင့် ပရိသတ်တွေအနေနဲ့ ကွဲကွဲ ပြားပြားသိသွားကြပြီဖြစ်မယ်လို့ လည်း ထင်ရပါတယ်။

 

လင်းအက္ခရာ

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here