ဂျနီဖာလိုပက်ဇ်ရဲ့ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်အတွက် မီဒီယာတွေ ချီးမွမ်းရေးသား

0
113

လက်တင်သီချင်းတွေနဲ့ ကျော်ကြားအောင်မြင်ခဲ့သူ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကမ္ဘာကျော်ခဲ့သူ ဂျနီဖာလိုပက်ဇ်တစ်ယောက် နိုဝင်ဘာလ ၅ ရက်နေ့က လော့စ်အန်ဂျလိစ်မြို့ကို ရောက်နေပါတယ်။

ဂျေလိုကို တွေ့လိုက်ကြရတာက ကော်ဖီဆိုင်တစ်ဆိုင်မှာပါ။ သူ့ရဲ့ သက်တော်စောင့်ဖြစ်သူက အရင် ရှေ့ကအရင်ထွက်လာပြီးနောက် ဂျေလိုက ရှေ့ဆင့်နောက်ဆင့်ဆိုသလို လိုက် ထွက်လာပါတယ်။ ဂျေလိုနဲ့ အတူ ပါလာတာကတော့ သူ့ရဲ့လက်ရှိ ချစ်သူ ဘေ့စ်ဘော ကစားသမားဟောင်း အဲလက်စ်ရို ဒရီကွက်စ်ပဲ ဖြစ်ပါတယ်။ ဂျေလိုက အရောင်မျိုးစုံ စပ်ကြားအသားကပ်ဘောင်းဘီရှည် ကို ဝတ်ဆင် လာခဲ့တာပါ။ ပြောရမယ် ဆိုရင်တော့ ပုံမှန်ထသွားထလာ အဝတ် အစားဖက်ရှင်နဲ့ပါပဲ။

ဒီနေရာမှာ မီဒီယာတွေက အသားပေးဖော်ပြကြတာက ဂျေလို ရဲ့ ကျန်းမာပြီး တောင့်တင်းတဲ့ခန္ဓာကိုယ်ရဲ့အလှကိုပါ။ လက်ရှိ ရောက်နေတဲ့ အသက် ၄၉ နှစ်ဆိုတဲ့ အရွယ်နဲ့ နှိုင်းယှဉ် လိုက်ရင် ဂျေလိုရဲ့ ခန္ဓာကိုယ်ဟာ အမျိုးသမီးတစ်ယောက်အနေနဲ့ အလှအပ ကောက်ကြောင်းတွေအပြင် လန်းဆန်းတက်ကြွတဲ့ ခန္ဓာ ကိုယ်တစ်ခုအ ဖြစ်တွေ့နေရသေးတယ်လို့ ချီးမွမ်းရေးသားကြပါ တယ်။

ဂျေလိုဟာ သူ့ရဲ့ခင်ပွန်းဟောင်း ဖြစ်တဲ့ အဆိုတော် မာ့ခ်အန်တို နီနဲ့ မက်စ်ရယ် အန်မီဆိုတဲ့ အမြွှာကလေး နှစ်ဦး မွေးဖွားထားသူပါ။ အဲလက်စ် ကတော့ သူ့ရဲ့ဇနီးဟောင်း စင်သီယာ နဲ့ရတဲ့ ၁၃ နှစ်အရွယ် သမီးကြီး နာတာ ရှာနဲ့ အသက် ၁ဝ နှစ်အရွယ် အယ်လာတို့ ရှိနေတယ်လို့ သိရပါ တယ်။

Ref:Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here