အချိန်တန်တော့လည်း အသိုက်ကို စွန့်ခွာထားခဲ့ကြရတာပါပဲအိန်ဂျလီနာဂျိုလီ

0
236
TORONTO, ON - SEPTEMBER 11: Maddox Jolie-Pitt, (L) and Angelina Jolie attend the "First They Killed My Father" premiere during the 2017 Toronto International Film Festival at Princess of Wales Theatre on September 11, 2017 in Toronto, Canada. (Photo by J. Merritt/WireImage)

အမှန်တကယ်တမ်းတော့ ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ စကားက ဂျိုလီအတွက် ဝမ်းနည်းစရာ တစ်စုံ တစ်ရာများလားလို့ ထင်မှတ်စရာပါ။ ဒါကို ဆန်းစစ်ကြည့်လိုက်တော့ ဂျိုလီ အနေနဲ့ အတွင်းစိတ်က ကြည်နူးဝမ်း သာစိတ် အပြည့်နဲ့ ပြောလိုက်တာပါ။

အကြောင်းရင်းက ဒီလိုပါ။ ဂျိုလီနဲ့ ဘရက်ပစ်တို့ ဇနီးမောင်နှံ နှစ်ယောက်အတွက် ပထမဆုံး သား သမီးအဖြစ် သူတို့ဘဝထဲကို ဝင် ရောက်လာတဲ့သူက ‘မက်ဒေါက်စ်’ပါ ပဲ။ သူ့ကို အသက် ၇ လအရွယ်လေး ကတည်းက ကမ္ဘောဒီးယားမှာရှိတဲ့ မိဘမဲ့ဂေဟာတစ်ခုကနေ ခေါ်ယူပြီး မွေးစားခဲ့ကြတာပါ။ ဒါက ၂ဝဝ၂ ခုနှစ်ကဆိုတော့ မက်ဒေါက်စ်က အခုဆို အသက် ၁၇ နှစ်အရွယ်ရှိပြီ ပေါ့။ ဒီတော့ လက်ရှိရှိနေတဲ့ ဂျိုလီ တို့ မိသားစုရဲ့ သားသမီး ၆ ယောက် ထဲကမှ အကြီးဆုံးလည်းဖြစ်တော့ သံယောဇဉ်လည်း ပိုပုံရပါတယ်။ ဒါပေမဲ့ လာမယ့် ၂ဝ၁၉ ခုနှစ်မှာ တက္ကသိုလ်ပညာသင်ဖို့ တောင်ကိုရီး ယားက တက္ကသိုလ်တစ်ခုကို သွားရ တော့ မှာပါ။ ဒါကလည်း ဂျိုလီရဲ့ အစီအစဉ်တွေပါပဲ။


သားကြီးကို ခွဲရမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဂျိုလီက…

 
”သားအတွက် ဂုဏ်ယူပါတယ်။ ကမ္ဘာကြီးက ဘယ်လိုလဲဆိုတာ သူသိလာတော့မှာပါ။ ဘာပဲဖြစ်ဖြစ် ပေါ့လေ။ သားကို ကျွန်မတအားလွမ်း နေမှာ သေချာပါတယ်။ ဒီလိုပါပဲ အချိန်တန်တော့လည်း အသိုက်ကို စွန့်ခွာထားခဲ့ကြရတာပါပဲ”လို့ ၄၃ နှစ်အရွယ်ရှိ ကမ္ဘာကျော် မင်းသမီး အိန်ဂျလီနာဂျိုလီက ပြောဆိုလိုက်ကြောင်း သိရပါတယ်။

Ref :Hollywood.com


LEAVE A REPLY

Please enter your comment!
Please enter your name here