စပိုက်ဂဲလ်အဖွဲ့ ပြန်လည်ပေါင်းစည်းမှုဂီတဖျော်ဖြေပွဲကျင်းပမည်

0
185

ကမ္ဘာတစ်ဝန်း ပရိသတ်တွေ စွဲ စွဲလမ်းလမ်း အားပေးခဲ့ကြရတဲ့ Boys Band ဒါမှမဟုတ် Girls Band လို့ခေါ်တဲ့ အဖွဲ့လိုက် သီဆို မှုတွေ ခေတ်စားအောင်မြင်ခဲ့တဲ့ ကာလတစ်ခုမှာ ထိတ်ထိတ်ကြဲ အောင်မြင်မှု ရခဲ့တဲ့ ဗြိတိန်က စပိုက် ဂဲလ်လို့ အမည်ရတဲ့ ဂီတအဖွဲ့ဟာ ပြန်လည်ပေါင်းစည်းပြီး ဂီတပွဲတချို့ တင်ဆက်သွားတော့မယ်လို့ သိရပါ တယ်။

သူတို့အဖွဲ့က စပြီးပွဲထွက်လာ ကတည်းကထူးထူးခြားခြားတွေ လုပ်ပြခဲ့ကြတာပါ။ နာမည်တွေကို ဂီတ နာမည်တွေ အသစ်ထပ်ပြီး မှည့်ခေါ် ခဲ့ကြတယ်။ ‘စကယ်ရီ စပိုက်’၊ ‘ဂျင် ဂျာစပိုက်’၊ ‘စပို့တီ စပိုက်’၊ ‘ဘေဘီစ ပိုက်’၊ ‘ပွတ်ရှ် စပိုက်’ဆိုပြီး နာမည် ပြောင်တွေ မှည့်ခေါ်ပြီး ပရိသတ် စိတ်ဝင်စားမှုကို ရအောင်လုပ်ခဲ့ကြ တဲ့အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်လောက်မှာ စပြီးအရှိန်ရလာတဲ့ သူတို့အဖွဲ့ဟာ နိုင်ငံပေါင်း ၃၇ နိုင်ငံ မှာရှိတဲ့ အ ရောင်းရဆုံး သီချင်းစာ ရင်းမှတ်တမ်း တွေမှာ ထိပ်ဆုံးနံပါတ် ချိတ်ခဲ့ရာက ကမ္ဘာကျော်တဲ့ ‘Spice Girls’ဆိုပြီး စတင်ဖြစ်လာခဲ့ တာပါ။

လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရ စပိုက်ငါးဦး ထဲကမှ မန်ယူဂန္တဝင် ဘောလုံးသမား ဒေးဗစ် ဘက်ခမ်းရဲ့ဇနီးဗစ်တိုးရီး ယား (ပွတ်ရှ်စပိုက်)ကတော့ ပြန်ပြီး ပူး ပေါင်းပါဝင်ဖို့မရှိဘူးလို့ သိရပါ တယ်။

Ref:CNN


LEAVE A REPLY

Please enter your comment!
Please enter your name here