ကျောက်ကပ် ဆေးနေရတာ အကြိမ်၂၅ဝ ကျော်သွားပြီ ဖြစ်တဲ့ဦးမန်းဝင်း

0
229

လူရွှင်တော်၊ဟာသသရုပ် ဆောင် ဦးမန်းဝင်းက ကျောက်ကပ် ဆေးနေရတာ ကြာမြင့်ခဲ့ပြီဖြစ်ပါ တယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နား ထားလိုက်ရပြီး အိမ်မှာပဲအနားယူ နေရပါတယ်။ ကျောက်ကပ်ဝေဒနာ ရှင်ဖြစ်တဲ့အတွက် ဆေးဝါးကုသမှုက အလွန်ကိုငွေကုန်ကြေးကျများရပါ တယ်။ ဒီလိုကုန်ကျမှုများတဲ့အတွက်ကြောင့်လည်း သူ့ကိုချစ်ကြတဲ့ပရိ သတ်တွေနဲ့ အနုပညာရှင်တွေက ဆေးဝါးကုသမှုအတွက် ကုန်ကျ စရိတ်တွေကို လှူဒါန်းနေကြပါတယ်။ အဲဒီအတွက်လည်းသူက ပရိသတ် တွေနဲ့ အနုပညာရှင်တွေကို ကျေးဇူး အထူးတင်ပြီး နေ့စဉ်မေတ္တာပို့ ပေးပါတယ်လို့ ပြောပါတယ်။

”ကျွန်တော်​အခု ​ကျောက်​ကပ်​​ဆေးရတာ အကြိမ်​၂၅ဝ​ကျော်​ရှိသွား ပါပြီ။ အခုလို ကျွန်တော့်မိသားစုနဲ့ ​ပျော်​​ပျော်​ရွှင်​ရွှင်​ ​နေထိုင်​နိုင်​​အောင်​ ​ရာသက်ပန်​​ကျောက်​ကပ်​အလှူရှင်​ နှင့်​ ဆက်​သွယ်​​ပေး​တာက ကိုလူ​ချော တို့အဖွဲ့က အကယ်​ဒမီကို​အောင်​ခိုင်​ပါ။ ပြီးတော့ ဟာသသရုပ်​​ဆောင်​ ဂွမ်းပုံကြီး၊ ​​​သရုပ်​​ဆောင်​ ပိုင်​ဖြိုး သုပေါ့။နောက် မြန်​မာ့သြဘာနှင့်​ ဆက်​သွယ်​​ပေး​တဲ့ သဘင်အစည်း အရုံး ပြန်ကြားရေးမှူး သမီး​​လေး ပတ္တမြား​ကေခိုင်​၊ စင်္ကာပူနိုင်​ငံက အလှူရှင်​ ခုနစ်​ရက်​သားသမီးများ နှင့်​ ချိတ်​ဆက်​​ပေး​သော Lazy Club အဖွဲ့မှ ကိုနိုင်​​ဇော်​တို့ကို ​ကျေးဇူး အထူးပင်​တင်​ပါတယ်။ ကျွန်တော့်ကို ခုလိုကူညီ​လှူဒါန်း​ပေး​သော ခုနှစ်​ရက်​သားသမီး ထမင်းရှင်​၊ ဟင်းရှင်​ ပရိသတ်​ကြီးအားလုံး ကျန်းမာချမ်း သာလန်းဖြာ၍ မရှိစကားမကြားရ​လေ​အောင်​ ဥစ္စာဓနများ​ပေါကြွယ်​ဝပါ​စေ” လို့ ဦးမန်းဝင်းက သူ့ရဲ့ ကျေးဇူးရှင်တွေအတွက် ဆုတောင်း စကားနဲ့ ကျေးဇူးတင်စကားပြောခဲ့ ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here