မြန်မာသံစဉ် တေးသီချင်းအသစ်တွေနဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိဖို့ စီစဉ်နေသူ ပန်းအိဖြူ

0
624

မြန်မာသံစဉ် တေးသီချင်းတွေကို နှစ်ခြိုက်စွဲမြဲစွာ သီဆိုနေသူကတော့ အဆိုတော် ပန်းအိဖြူပါ။ ပြန်ဆိုတေးတွေ သီဆိုရတာများနေပြီဖြစ်တာကြောင့် ကိုယ်ပိုင်သံစဉ် မြန်မာသံတေးသီချင်းအသစ်တွေကိုလည်း တစ်ကိုယ်တော် အခွေအဖြစ် ထွက်ရှိနိုင်ဖို့ ပန်းအိဖြူက စီစဉ်နေပါတယ်။ အဲဒီတစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်နေပုံနဲ့ပတ်သက်ပြီးတော့ …

”ပန်းအိ အမြဲတမ်းပြန်ဆိုတာတွေ များလာတော့ ပရိသတ်ကို ကိုယ်ပိုင် သံစဉ် သီချင်းအသစ်တွေ လက်ဆောင်ပေးချင်တယ်။ တေးရေး ဖြိုးသီဟရေး ထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းအသစ်တွေ ၁၄ ပုဒ်လောက် ပါမယ့်သီချင်း ခွေကို နောက်နှစ်လလောက်နေရင် ထွက်နိုင်အောင် ကြိုးစားနေတယ်။ Recordingပိုင်းတော့ ပြီးသွားပြီ။ ရိုက်ကူးရေးလုပ်ဖို့ပဲ ကျန်တယ်။ DVD ပါ တစ်ခါတည်း ထွက်နိုင်အောင် ကြိုးစားနေတယ်။ ဒီအခွေပြီးသွားရင် နောက် ထပ်ဂန္တဝင်သီချင်းကိုမှ အလွမ်းသီချင်းလည်း မဟုတ်ဘဲ ဒိုးကလေးတို့၊ မောင်လူပျိုတို့၊ မောင်ခေါ်ရာလိုက်ခဲ့တော့မယ်တို့၊ ဘဘတွံတေးသိန်းတန်ရဲ့ သီချင်းတွေ ဆိုင်းဝိုင်းနဲ့ ခေတ်ပေါ်တွဲတီးတဲ့ မြန်မာသံစဉ်သီချင်း မြူးမြူးလေး တွေပါမယ့် အခွေလည်းထပ်ထွက်ဖို့ ပန်းအိပြင်ဆင်နေတယ်။ နှစ်ခွေစလုံးကို အမြန်ဆုံးထွက်ရှိနိုင်အောင် ကြိုးစားနေပါတယ်”လို့ ပန်းအိဖြူက ပြောပါ တယ်။ မြန်မာသံစဉ် သီချင်းတွေကို အမြဲတမ်းလိုလို သီဆိုဖြစ်တာနဲ့ ပတ် သက်ပြီးတော့လည်း ပန်းအိဖြူက …

”မြန်မာသံစဉ် သီချင်းတွေက အခွေထွက်တယ်ဆိုတာနဲ့ တစ်ခဲနက် အုတ်အော်သောင်းတင်း ပေါက်သွားတာမရှိဘူး။ ဒါပေမဲ့ မြန်မာသီချင်းတွေရဲ့ တန်ဖိုးက တဖြည်းဖြည်းနဲ့ တက်လာတာ။ အချိန်ကြာလာတာနဲ့ အမျှ မြန်မာ သံစဉ်သီချင်းတွေက ပျောက် ပျက်သွားတာ သိပ်မရှိဘူး။ ပန်းအိဆို အဖေဆုံးသွားလို့ လေး၊ ငါးနှစ်လောက်အခွေ ထပ်မထွက်နိုင်ဘူး။ အဲဒီနှစ် နယ်ပွဲတွေ၊ အလှူ မင်္ဂလာ ဆောင်တွေသွားတဲ့အခါကျ ရင် ပန်းအိကို အသိအမှတ်ပြု အားပေးတဲ့ သီချင်း ဟောင်းတွေနဲ့ပဲ အနုပညာအလုပ်ကို ဆက်ပြီး လုပ်နေလို့ ရတယ်။ မြန်မာသံ စဉ် သီချင်းတွေ က ပရိသတ်ရင် ထဲကို ရောက်ဖို့ ခဲယဉ်းတယ်။ ရောက်သွားပြီ ဆိုရင် လည်း ခိုင်မာတယ်” လို့ ပြောပါတယ်။ မြန်မာ သံစဉ် တေးသီချင်းတွေ ကို သီဆိုသူတွေများလာ တဲ့အတွက် ပီတိဖြစ်ရ တယ်လို့လည်း ပန်းအိဖြူ က ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း

၊ ဓာတ်ပုံ- ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here