တိုင်းပြည်စီးပွားရေးကောင်းမှ ရုပ်ရှင်လည်း ပိုကောင်းလာလိမ့်မယ် လွင်မိုး

0
244

ရုပ်ရှင်မင်းသားကြီး အကယ် ဒမီလွင်မိုးအနေနဲ့ ၁၉၈၉ ခုနှစ် လောက်ကတည်းက သရုပ်ဆောင် စလုပ်ခဲ့တာဆိုတော့ သူ့ရဲ့ အနုပညာ သက်တမ်းက နှစ် ၃ဝ နီးပါးရှိနေပါပြီ။ ရုပ်ရှင်နဲ့ပတ်သက်လို့ သူတော်တော် လေးတန်ဖိုးထားတယ်။ မြန်မာ့ရုပ် ရှင်အရေးအတွက် ဘယ်လိုကောင်း မွန်အောင် ဆောင်ရွက်ရမလဲဆိုတာ ကို စဉ်းစားနေတယ်။ ဒီနေ့ခေတ်မှာ လူပြောများနေတဲ့ မြန်မာ့ရုပ်ရှင်တိုး တက်ဖို့၊ ကောင်းမွန်လာဖို့ဆိုတဲ့ အပေါ် သူ့မှာ ပြောစရာတွေ ရှိနေ ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့၊ Orchid Hotel မှာ ကျင်းပခဲ့တဲ့ Orchid ရေနွေးကြမ်း စကားဝိုင်းမှာ တိုင်းပြည်စီးပွားရေး ကောင်းမှရုပ်ရှင်လည်း ပိုကောင်း လာလိမ့်မယ်ဆိုတဲ့အကြောင်းကို လွင်မိုးက ဝင်ရောက်ဆွေးနွေးခဲ့ပါ တယ်။

လွင်မိုးရဲ့ရုပ်ရှင်အပေါ်သဘော ထားတွေကတော့ …

”တိုင်းပြည် တစ်ပြည်ရဲ့တိုးတက်မှု၊ တိုင်းပြည်တစ် ပြည်ရဲ့ အနေအထား ဒါတွေဟာ ကျွန်တော်တို့ ရုပ်ရှင်အပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။ ရုပ်ရှင်တစ်ခုကောင်းဖို့၊ ရုပ်ရှင်လုပ် ငန်းတိုးတက်ဖို့၊ ရုပ်ရှင်လုပ်ငန်း အောင်မြင်ဖို့ဆိုရင် အစိုးရက စီးပွား ရေးတောင့်တင်းမှဖြစ်မှာပါ။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်က ၂ဝဝ၆ ခုနှစ်မှာ ကိုရီးယား၊ ဆိုးလ်မှာရှိတဲ့ ရုပ်ရှင်လေ့လာရေးကို သွားရပါ တယ်။ သွားကြတဲ့အချိန်မှာ ၂ဝဝ၂ ခုနှစ်မှာ သန်း ၆ဝဝ ဖိုး ရင်းနှီးပေး ထားတဲ့ စတူဒီယိုကြီးကို ရောက်တဲ့ အချိန်မှာ နောက်ထပ် ၂ဝ၁ဝအတွက် သန်း ၅ဝဝ ဖိုး ရင်းနှီးပေးမယ်လို့ ပြောပါတယ်။ အဲဒီတော့ ကျွန်တော် တို့က တော်တော်လေးကို အားငယ်ပါ တယ်။ ကြည့်လိုက်တော့ ရုပ်ရှင် စတူဒီယိုကြီးကလည်း တောတောင် တွေကြားထဲမှာ ဥမင်လိုဏ်ခေါင်းတွေ ဖောက်ပြီး အထဲမှာ ရုပ်ရှင်ရိုက်တယ်။ ဘာဖြစ်လို့ ရုပ်ရှင်ရိုက်လဲဆိုတော့ အပေါ်က ရှုခင်းတွေလည်း သူတို့ ရိုက်ချင်လို့။ နောက်ပြီးတော့ ကျွန် တော်တို့ အဲဒီမှာဆွေးနွေးတဲ့အခါ ကျတော့ အစိုးရက ဘယ်အထိ သူတို့ ကိုလိုက်ပြီးတော့ ပံ့ပိုးပေးသလဲဆိုရင် ရုပ်ရှင်ကို ရုံတင်တဲ့အချိန်မှာလည်းပဲ လိုက်ပြီးတော့ ပံ့ပိုးပေးတယ်။ ၂ဝ၁၂ ကျတော့ တရုတ်ပြည်သွားရတယ်။ အဲဒီမှာဘာသွားတွေ့လဲဆိုတော့ ဟောလိဝုဒ်က မင်းသား၊ မင်းသမီး တွေတောင် အသံသွင်းတဲ့အဆင့် တွေ လုပ်နေကြပြီ။ အဲဒီမှာ သူတို့ ရုပ်ရှင်လုပ်ငန်းကြီးက Film ကိုလုံးဝ ရပ်ပြီးတော့ Digital Cinema ဘက် ကို တစ်နိုင်ငံလုံး ပြောင်းတယ်။ ဘယ်လိုပြောင်းတာလဲဆိုတော့ ရုပ် ရှင်ရုံမှန်သမျှ Digital Cinema ပြောင်းရမယ်။ မပြောင်းနိုင်ဘူး ဆိုရင် အစိုးရဆီက ပိုက်ဆံယူပြီး ပြောင်း။ ပြီးရင် ရတဲ့ငွေနဲ့ သူ့ကို ပြန် ဆပ်။ ကိုယ့်ဘာသာကိုယ် ပိုက်ဆံ ရှိရင် ကိုယ့်ဘာသာကိုယ်ပြောင်း။ သူ တို့လုပ်တာ တအားရှင်းတယ်။ ပိုက် ဆံလည်း ရှိတယ်။ အဲဒီတော့ ပြော ချင်တာက ကျွန်တော်တို့ ရုပ်ရှင် အလုပ်က တိုင်းပြည်ချမ်းသာမှ ဖြစ် မယ့်အလုပ်မျိုး ဖြစ်နေတယ်”လို့ ဆို ပါတယ်။

နိုင်ငံတကာအဆင့်မီတဲ့ ဇာတ် ကားတွေ ဖြစ်လာဖို့အတွက်လည်း လွင်မိုးရဲ့ အမြင်ကတော့…

”ကျွန် တော်တို့ ဒီနေ့ကြိုးစားကြတယ်။ တော်တော်များများ ကြိုးစားကြတယ်။ ကြိုးစားကြတဲ့သူတွေရဲ့ ရုပ်ရှင်ကား တွေက ကောင်းတယ်။ ဘယ်လို ကောင်းလဲဆိုတော့ တစ်ကားစ၊ နှစ် ကားစကောင်းတယ်။ အဲဒီတော့ ကျွန်တော်တို့ဆီကို လာလာပြီးတော့ သက်ဆိုင်ရာ အရာရှိကြီးတွေ၊ လူ ကြီးတွေကလည်း အင်တာနေရှင် နယ်ဖြစ်ဖို့၊ အင်တာနေရှင်နယ်ဖြစ်ဖို့ ပြောပြောသွားပြီး ပြန်ပြန်သွားကြ တယ်။ ဒီမှာရှိတဲ့လူတွေကလည်း အင်တာနေရှင်နယ်ဖြစ်ဖို့ချည်း ပြော ပြောနေကြတယ်။ ဘယ်လိုလုပ်ရမှန်း မသိဘူး။ သေသေချာချာပြန်ပြီး စဉ်း စားကြည့်လိုက်တော့ အင်တာနေရှင် နယ်ဖြစ်ဖို့က ဇာတ်ကားတစ်ကား တည်းနဲ့ မဖြစ်ဘူး။ ဘယ်လိုဖြစ်မှာလဲ ဆိုတော့ မြန်မာ့ရုပ်ရှင်က အင်တာ နေရှင်နယ်မားကက်ထဲ ရောက်မှ အင်တာနေရှင်နယ်ဖြစ်မှာပေါ့။ ဇာတ်ကားတစ်ကားတည်းနဲ့ အင်တာ နေရှင်နယ် မဖြစ်ဘူး။ အဲဒီတော့ ကျွန်တော် ဆွေးနွေးချင်တာကတော့ တိုင်းပြည်စီးပွားရေးကောင်းမှ ကျွန် တော်တို့က တိုင်းပြည်ရဲ့ မျက်နှာလို ဖြစ်နေတဲ့အတွက် တိုင်းပြည်စီးပွား ရေးကောင်းရင် ကျွန်တော်တို့ရဲ့ ရုပ် ရှင်လည်း ပိုပြီး ကောင်းလာလိမ့်မယ် လို့ ပြောချင်ပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here