မင်္ဂလာဆောင်ဖို့ အစီအစဉ်မရှိသေးဘူးစိုင်းစိုင်းခမ်းလှိုင်

0
298

ဝါလည်း ကျွတ်ပြီ။ ဒီနှစ်မှာကော စိုင်းစိုင်းရဲ့ မင်္ဂလာ သတင်းများ ကြားရမလားလို့ဆိုတော့ … ”ကျွန်တော် မင်္ဂလာဆောင်ဖို့ အစီအစဉ်မရှိသေးပါဘူး ခင်ဗျာ” လို့ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ပြောပါ တယ်။ စိုင်းစိုင်းရဲ့ ‘ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း’ ကိုလည်း အခွေအနေနဲ့ ဖြန့်မယ်လို့ စီစဉ်ထားတယ် ဆိုတဲ့ အကြောင်းကိုလည်း မေးဖြစ်တော့ …

”ဒီဇင်ဘာလလောက်ထဲမှာ ဖြန့်ချိနိုင်ဖို့ ကြိုးစား နေပါတယ်။ အခုကတော့ Edit လုပ်တဲ့အဆင့်ပါ။ ပြီးခဲ့ သော ဇာတ်လမ်းအကျဉ်းက အမျိုးသား ဇာတ်ရုံမှာ ပရိသတ် ၁၅ဝဝ ပဲ ကြည့်ရှုခဲ့ရတဲ့အတွက် အခွေကို တစ်နိုင်ငံလုံး ဖြန့်ချိမယ်လို့ စဉ်းစားထားပါတယ်။ သီချင်း ၁၅ ပုဒ် ကနေ ၁၈ ပုဒ်လောက် အခွေထဲမှာ ဆံ့သလောက်ပေါ့။ ဒီဗီဒီအနေနဲ့ရော၊ Audio CD အနေနဲ့ရော ဖြန့်ချိပါမယ်။ ပြီးတော့ ကျန်တဲ့သီချင်းတွေကိုလည်း အွန်လိုင်းမှာ တင်မယ်” လို့ စိုင်း စိုင်းက ပြောပါတယ်။ အခွေအနေ နဲ့ပြန်ထွက်ရင် ဘယ်သီချင်းတွေကို ထည့်ဖြစ်မလဲလို့မေးတော့ …

”ကျွန်တော် အဲဒီနေ့ က ၃၃ ပုဒ်သီဆိုခဲ့တယ်။ ခဏ ခဏ ပြန် နားထောင်တယ်။ ဘယ်ဟာကို ထုတ်ပြီး ဘယ်ဟာကို ထည့် သင့်သလဲပေါ့။ ပွဲမှာလည်း ကျွန်တော် ‘ဒိတ်ဒိတ်ကြဲ’ ထဲကဆိုရင် တစ်ပုဒ်တည်းပဲ သီဆိုဖြစ်တယ်။ ‘Sai Sai is Sai Sai’ ထဲကတော့ ၃ ပုဒ်ဆို ဖြစ်တယ်။ အကုန်လုံးက ‘ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း’ဆိုတဲ့ ခေါင်းစဉ် အတိုင်း ပြီးခဲ့တဲ့သီချင်းတွေပေါ့။ တတ်နိုင်သလောက်တော့ သီချင်း ဟောင်းတွေကို ရွေးမယ်လို့ စဉ်းစား ထားတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြော ပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here