အချစ်ရေးမေးခွန်းအတွက် ဖြေစရာ မရှိပါဘူး ဘန်နီဖြိုး

0
638

အချစ်ရေးနဲ့ပတ်သက်လို့ မေးမြန်းဖြစ်တဲ့အခါ အနုပညာရှင် တော်တော်များများက နှစ်သက်လေ့မရှိပါဘူး။ တချို့ကလည်း ‘အချစ်ရေးက အေးဆေးပါပဲ’တို့၊ ‘ချစ်သူထားဖို့ အစီအစဉ်မရှိသေး ပါဘူး’တို့လို ပုံမှန်ဖြေလေ့ဖြေထရှိတဲ့ အဖြေမျိုးတွေ ဖြေကြတယ်။ တချို့အနုပညာရှင်တွေကျတော့လည်း သူတို့ရဲ့ အချစ်ရေး အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြကြပါတယ်။ အဆိုတော် ဘန်နီဖြိုးရဲ့ အချစ်ရေးက လှုပ်လှုပ်ခတ်ခတ် သိပ်မဖြစ်ဘူး။

လတ် တလော ငြိမ်နေတယ်နော်လို့ ဆိုတော့ …

”ငြိမ်နေမှာပေါ့။ ဘာမှ မှ မရှိတာကိုး။ အဲဒီမေးခွန်းက တစ်ခါလာလည်း ဒါပဲ။ တစ်ခါလာ လည်း ဒါပဲဆိုတော့ ဖြေစရာလည်း မရှိပါဘူးခင်ဗျ”လို့ ဘန်နီဖြိုးက ရယ်ရယ်မောမော ပြောပြပါတယ်။

ဘန်နီဖြိုးရဲ့ ဂီတလှုပ်ရှားမှုတွေက …

”ကျွန်တော် Neon Dreams ထွက်ပြီးကတည်းက တခြားအသစ်တွေ လုပ်ထားတာရှိ တယ်။ ပြီးတော့ Neon Dreams ထဲက တခြားသီချင်းတွေ ရိုက်ထား တာရှိပါတယ်။ အဲဒါတွေ အားလုံးက ကျွန်တော့် Confirm လေးတစ်ခု ချိန်နေပါတယ်။ အဲဒါအကုန် Time Schedule ဖြစ်လို့ ရှိရင် ဖြန့်ပါမယ်”လို့ ဆိုပါတယ်။

ဆံပင်ပုံစံ၊ ဖက်ရှင်ပိုင်း နည်းနည်းပြောင်း ထားတယ်နော်လို့ ဘန်နီဖြိုးကိုမေးတော့…

”အရင်ကလည်း ဒီလိုပါပဲ (ရယ်လျက်)။ အဝတ်အစားဆိုရင်လည်း ကျွန်တော်ကတော့ ဗီရိုထဲရှိ တာ ဝတ်တာပဲ။ ငါဒီပုံစံမျိုး ဝတ်မယ်ဆိုပြီးတော့ ချိန်းတာမျိုးတော့ မရှိပါဘူး။ ကျွန်တော့်ဘာသာ ကျွန်တော်လိုက်မယ်ထင်တာမျိုးလေး တွေ ထုတ်ဝတ်တာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here