မိုးသီချင်းကြောင့်အပြင်မှာ အသည်းကွဲနေတယ်လို့မမြင်စေချင်ကြောင်းG.Fatt ပြော

0
469

တစ်ကိုယ်တော်ဖျော်ဖြေပွဲ မကျင်းပမီ ရက်ပိုင်းအလိုမှာ ‘မိုး’ အမည်ရှိ သီချင်းသစ် တစ်ပုဒ်ကို ပရိသတ်အတွက် လက်ဆောင်ပေးခဲ့တဲ့ G.Fatt နဲ့ သီချင်းအကြောင်း မေး မြန်းဖြစ်ခဲ့ပါတယ်။

‘မိုး’သီချင်းက G.Fatt ရဲ့ တကယ့်အဖြစ်အပျက်လားလို့ ဆိုတော့ ….

”မိုးရာသီ မှာ အသည်းကွဲနေတဲ့ လူငယ်တစ်ယောက်ပေါ့နော်။ ဒါပေမဲ့ ဒီဟာကို တစ်ခုပဲ ကျွန်တော်စိုးရိမ်တာ။ ကျွန် တော်က အဲဒီလို ‘တစ်ယောက်ပဲ သတ်ချင်တယ်’ သီချင်းတုန်းကဆိုရင်လည်း တအားကြီး လုပ်ပြတော့ ဒီဘက် Reality ဘက်ကို လာလာ ပြီးတော့ ထင်ကြတယ်။ ပြောကြတယ်။ ဆိုတော့ ဒီသီချင်းမှာလည်း ကျွန်တော့်ရဲ့ နေထိုင် တဲ့ တကယ့် Life Style ထဲကဟာကို လာမထင်စေချင်ပါဘူး ခင်ဗျ။ အဲဒီလိုထင်ရင် မကောင်းဘူးပေါ့နော်(ရယ်လျက်)။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က တအားတွေ ငိုပြ ထားတော့ ဒီကောင်အသည်းကွဲနေပြီပေါ့။ ဘယ်သူ့ကို လွမ်းနေတာလဲတို့ ဘာတို့ အဲဒီလိုမျိုးတွေ မဖြစ်စေချင်ဘူးပေါ့။ ဒီသီချင်းကို ရိုက်ကူးရေးလုပ်တဲ့အချိန်မှာ ကျွန်တော်တို့က G.Fatt ဘဝကနေ တခြားဘဝတွေ ဆီကို ပြန်သွားတာတို့ ဘာတို့ဇာတ် လမ်းတွေကို ဆင်ထားတာဖြစ်တဲ့အတွက် ဒါက ကျွန်တော်တို့ရဲ့ ဒါရိုက်တာကြီး ကိုဝင်း လွင်ထက်ရော၊ သူ့ရဲ့ မဟေသီရော၊ ကျွန်တော်တို့ရော အကုန်ဝိုင်းပြီးတော့ တိုင်ပင်ပြီး စဉ်းစားထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တယ်ခင်ဗျာ။ အဲဒါလေးကို ဒီကောင်ကြီး ဒီလိုဖြစ်နေပြီဆိုပြီး မမြင်စေချင်ကြောင်း ပြောပြတာပါခင်ဗျာ” လို့ G.Fatt က ပြောပြ ခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here