အခက်အခဲဖြစ်နေတဲ့ အနုပညာရှင်တွေကိုရော ပြည်သူတွေကိုရော ကူညီပေးမယ့်နိုင်ဇော် ( Art Robots)

0
143

နိုင်ဇော် ( Art Robots) က အခုလတ်တလောမှာတော့ ပွဲဆက်တွေ တော်တော်များနေပါတယ်။ သူ့ကိုတ်ီးပေးဖို့အပ်ထားတဲ့အခွေတွေရော၊ ပွဲတွေရောအများကြီးရှိနေတဲ့အတွက် သူ့မှာလည်း မအားလပ်ရပါဘူး။ ဒီလိုမအားလပ်တဲ့ကြားထဲနေပဲ တစ်ဖက်မှာလည်း ပရဟိတအနေနဲ့ လှူတန်းမှုတွေကိုဆက်တိုက် လုပ်ဖြစ်နေပါတယ်။ သူဟာ လူရွှင်တော်ကြီး ဦးချစ်စရာ၊ လူရွှင်တော်ကြီး ဦးမန်းဝင်း၊ ဟာသသရုပ်ဆောင် ကစ်ကစ်တို့ရဲ့ ဆေးကုသမှုစရိတ်တွေကိုလည်း အလှူခံပေးနေပြီး ရရှိလာတဲ့အလှူငွေများကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပေးအပ်နေ ပါတယ်။ ကိုယ့်ဆီကိုယ်စိုက်ပြီး ကားနဲ့အလှူရှင်တွေဆီအလှူ တွေသွားယူသလို အလှူငွေတွေကိုလည်း သွားပေးရတဲ့အတွက် သူ့မှာ အချိန်ရော ငွေရောကုန်ရပေမယ့်လည်း သူကတော့ အဲဒီအတွက် ဂုဏ်ယူပီတိဖြစ်ရပါတယ်လို့ ဆိုပါတယ်။ နိုင်ဇော်က ဦးချစ်စရာ၊ ဦးမန်းဝင်းနဲ့ ကစ်ကစ်တို့ဆီ ရောက်သွားတိုင်း သူ့အနေနဲ့ စကားတွေအများကြီး ပြောဖြစ်ပါတယ်။ အဲဒီအခါမှာတော့ သူတို့တွေရဲ့ အထီးကျန်နေရတဲ့ ခံစားမှုတွေကို စာနာနားလည်မိတယ်လို့ သူကဆိုလာပါတယ်။

”ကျွန်တော်ကစာလည်းရေးတော့ သူတို့နဲ့ပြောဖြစ်တာတွေလည်း ဆောင်းပါးတွေရေးဖြစ်မှာပါ။ သူတို့က စိတ်ဓာတ်ပိုင်းဆိုင် ရာမှာ ပိုပြီးတော့ အကူအညီလိုတာပါ။ အနုပညာသမားက စိတ်ဓာတ်ကျတာ။ တစ်ယောက်တည်းနေတဲ့အခါငါ့ကို ဘယ်သူမှမကြည့်ကြတော့ဘူး။ ငါ့ကို အားလုံးက ပစ်ပယ်ထားကြတယ် ဆိုတဲ့ အတွေးတွေနဲ့ အနုပညာ သမားက စိတ်ဓာတ်ကျတယ်။ အဲဒီလို စိတ်ဓာတ်ကျနေတဲ့အခါမှာ ကျွန်တော်တို့က သွားတွေ့လိုက်တဲ့ အခါ သူတို့ကပိုက်ဆံရတာထက်ကို ပိုဝမ်းသာတယ်။ ဘာမှမဆိုင်တဲ့ဂစ်တာသမားတောင်ငါတို့ကို လာကြည့် ဖော်ရတယ်ပေါ့။ ကိုယ့်ကိုအကြောင်းပြုပြီး နောက်ထပ် ပိုက်ဆံတွေအများကြီး အကူအညီရရင် လည်းဝမ်းသာပါတယ်” လို့ ဦးချစ်စရာ၊ ဦးမန်းဝင်း၊ ကစ်ကစ်တို့နဲ့ တွေ့ဆုံဖြစ်ပြီး သူတို့ရဲ့ခံစားမှုတွေကို နိုင်ဇော်က ပြန်လည်ပြောပြတာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ အနုပညာရှင်တွေမှ မဟုတ်ဘဲ အခက်အခဲဖြစ်နေတဲ့ပြည်သူတွေကိုလည်း တတ်နိုင်သမျှ ကူညီပေးသွားမှာဖြစ်ပြီး အဲဒီလိုကူညီပေးနိုင်ဖို့အတွက် အလှူရှင်တွေကလည်း ထောက်ပံ့ပေးသွားမယ်လို့ ပြောထားကြကြောင်း သူက ဝမ်းသာစကားဆိုပါတယ်။

”တချို့ဆိုရင် ဖောင်ဒေးရှင်းတောင် ထောင်ပေးမယ်လို့ပြောတယ်။ ကျွန်တော်က လက်မခံတာပါ။ ကျွန်တော်က နေရာလည်း မကြိုက်ဘူး။ ရာထူးလည်းကြိုက်ဘူး။ ကျွန်တော် ကလွတ်လွတ်လပ်လပ်ပဲ ရွေ့လျားချင်တာ။ ဒါကြီးကိုမူတည်ပြီး ဒီမှာပဲနေရမယ်ဆိုတာမျိုးကိုမနေချင်ဘူး။ ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ ပြောထားပါတယ်။ တကယ်အကူအညီလိုတဲ့လူကို ကူညီ ပေးနိုင်ဖို့အတွက် ကူညီပေးကြပါလို့ပေါ့” လို့ နိုင်ဇော်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here