အမရပူရခေတ်တွင် တည်ထားခဲ့သည့် ဦးပွားဆုတောင်းပြည့် မြတ်စွာဘုရား

0
280

ဦးပွားဆုတောင်းပြည့် မြတ်စွာ ဘုရားကို ပုဂံမင်းလက်ထက် သတိုးမင်းကြီးမဟာသက်တော်ရှည်ဘွဲ့ထူး ဖြင့် သူကောင်းပြုခြင်းခံရသော ကျီဝန်အတွင်းဝန်အမတ်ကြီး ဦးပွားမှ တည်ထားကိုးကွယ်ခဲ့ပြီး ၁၂ဝ၉ ခုနှစ် တွင် ပြီးစီးကြောင်း သိရသည်။ ဓာတ် တော်မွေတော်များ ဌာပနာထည့်သွင်း ခဲ့ကြောင်းလည်း သိရသည်။ ဖိနပ် တော် သံတောင် ၆ဝ ပေ၊ ဥာဏ်တော် သံတောင် ၆၁ ရှိသည်။

ဘုရားကြီး အား မဟာတံတိုင်း၊ မီးတားမုခ်လေး မျက်နှာနှင့် ဘောဂဆောင်၊ ကျောင်း ဦးပြာသာဒ်၊ စမြင်ပတ်လည်ခံကျောင်း ကြီးများ အပါအဝင် တည်ဆောက်ခဲ့ သည်။ ဦးပွား ဆုတောင်းပြည့်ဘုရား ကြီးအနီးတွင် ဘုရားကြီးတိုက်ဟုခေါ် ဆိုသည့် ဒက္ခိဏာဝိဟာရ ကျောင်း တိုက်လည်း ရှိသည်။ အဆိုပါကျောင်း ကို မင်းတုန်းမင်းလက်ထက် ပဉ္စမ သင်္ဂါယနာတင် မဟာနာယက ဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ (တိပိဋကဓရ၊ မဟာဓမ္မရာဇာဓိရာဇာ ဂုရုဘွဲ့တံဆိပ်တော်သုံးထပ်ရ) အား ဆောက်လုပ် လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

ဦးပွားဆုတောင်းပြည့်ဘုရား သည် မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ် တွင် မီးလောင်ပြီးထီးတော် မြေခခဲ့ ရသည်။ သုဝဏ္ဏသူဌေးက ထီးတော် အသစ်တင်လှူခဲ့သည်။ သီပေါမင်းလက်ထက် ၁၂၄၁ ခုနှစ်တွင် ပြင်ဆင်လှူဒါန်းခဲ့ပြန်သည်။ ယင်းနောက် ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံလှူဒါန်းခဲ့ကြပြန်သည်။ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၇ ရက် (ခရစ်နှစ် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်)တွင် ဘန္ဒန္တကာရုည ဒက္ခိဏာရာမဘုရား ကြီး တိုက်တိုက်အုပ်ဆရာတော် နိုင်ငံတော်သြဝါဒစရိယနှင့် တိုက် သမ္မုတိ၊ ဦးပွားသမ္မုတိ ဆရာတော်များကို အမှူးထား၍ အလှူရှင်များမှ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူပူဇော်ခဲ့ကြပြန်သည်။

စေတီပရဝုဏ်တွင်လည်း နောင် တော်ကြီး စေတီ၊ နဂါးရုံဘုရားအပါအဝင် သာသနိက အဆောက် အအုံများဖြင့် ကြည်ညိုဖွယ်ရာ တွေ့မြင်ရလေသည်။ ဦးပွား ဆုတောင်းပြည့် မြတ်စွာဘုရားသည် ချမ်းမြသာစည်မြို့နယ် ကျွန်း လုံးဥသျှောင် ရပ်ကွက်တွင် တည်ရှိပြီး ရှမ်းစုဘူတာအနီး၊ စစ်ကိုင်း-မန္တလေး လမ်းအတိုင်း ဝင်ရောက်ဖူးမြော်နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရသည်။

ဧရာဝတီသား


LEAVE A REPLY

Please enter your comment!
Please enter your name here