ဆိုးတာတွေပဲ တွေးပြီး စိတ်ဓာတ်ကျ မနေတော့ပါဘူးရတနာဗိုလ်

0
590

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးဖြစ်တဲ့ ရတနာဗိုလ်က အခုအချိန်မှာ ဗီဒီယိုဈေးကွက် တွေကလည်း ပျက်နေတဲ့အတွက် သူတို့လို မင်းသမီးငယ်တွေအနေနဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတဲ့ အပေါ်မှာဆိုးတာတွေ တွေးပြီးစိတ်ဓာတ်ကျမနေတော့ပါဘူးလို့ ဆိုပါတယ်။ ကိုယ့်မှာရှိတဲ့ အရည် အချင်းတွေကိုပဲ ပိုကြိုးစားသွားမယ်လို့ဆိုတဲ့ ရတနာဗိုလ်က…

”ညီမတို့ကျတော့ ဗီဒီယိုဈေးကွက်ပျက်သွားတဲ့အချိန်လည်း ဖြစ်တယ်။ ရုပ် ရှင်ကျတော့ လည်း ကိုးလိးကန့်လန့် ဖြစ်သွားတဲ့အချိန်ပေါ့။ ကိုယ်တွေ အနုပညာပျိုးခင်းမှာ ရွေးချယ်ခံ ရပြီး နောက်ပိုင်း ဗီဒီယိုဈေးကွက်က ပျက်သွားတာကိုး။ ရုပ်ရှင်ဇာတ်ကားကြီးကို လည်းတစ်ကားပြီးတစ်ကား ပုံအောရိုက်နိုင်လောက်အောင်လည်း ကိုယ် တွေက အဆင် မပြေဘူး။ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အဓိကနေရာက မဟုတ်ဘဲနဲ့ ပါဝင်ခွင့်ရတယ်။ အဲဒီလိုမျိုးတွေကို တွေးပြီးစိတ်ဓာတ်ကျမနေတော့ပါဘူး။ ဘယ်လိုပဲ တွေးထားလဲဆိုတော့ ကိုယ့် ဆီလာတဲ့ ဗီဒီယိုပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် ကိုယ်ပါဝင်ရမယ့် အခန်းကဏ္ဍမှာ ကိုယ်က အဓိကသရုပ်ဆောင် ဖြစ်ချင်တာ၊ သရုပ်ဆောင် ဝါသနာ ပါတာလေ။ သရုပ်ဆောင်နေရရင် ပျော်နေတဲ့အတွက် ကိုယ်ပါဝင် ရမယ့် အခန်းကဏ္ဍမှာ အစွမ်း ကုန်ကြိုးစားမယ်။ ကိုယ် ဒီအချိန်မှာရှိတဲ့ ကိုယ့်အရည်အချင်းကို ဒီ့ထက် ပိုပြီး ကြိုးစား မယ်။ အများကြီး စိတ်ပါဝင်စားစွာလုပ်မယ်။ ကိုယ့်အလုပ်အပေါ်မှာပဲ စေတနာထားမယ်” လို့ သူ့ရဲ့ ခံယူချက်ကို ပြောပြပါတယ်။

အခုလတ်တလောမှာ ရတနာ ဗိုလ်က ဦးကျော်သူရိုက်ကူးမယ့် ‘၁ဝ၁၄’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဦးကျော်သူနဲ့ အရင်တုန်းကလည်း တစ်ခါမှ ရုပ်ရှင်မရိုက်ကူးခဲ့ဖူးသလို အပြင်မှာလည်း တစ်ခါမှမဆုံဖူးဘူး ဆိုတဲ့ ရတနာဗိုလ်က အခုလို ကမ်း လှမ်းခံရတဲ့အတွက်လည်း ပျော်ပြီး ရင်ခုန်နေပါတယ်။

”အခုရိုက်ရမှာတော့ ကိုယ်ရိုက် ခဲ့သမျှထဲမှာ ထူးဆန်းတာတစ်ခုက အဝတ်အစား၊ မိတ်ကပ်ဘာမှကိုယ်ပူစရာမလိုဘူး။ ဦးမောင်တို့ဘက်ကပဲ စီစဉ်ပေးတယ်။ ကိုယ်က အနုပညာသမား ဖြစ်တဲ့အတွက် အနုပညာနဲ့ ပတ်သက်ပြီးတော့ပဲ စိတ်အာရုံ ထည့် ထားပြီး ကြိုးစားဖို့ပဲ ကိုယ့်မှာတာဝန် ရှိပါတယ်။ ဒီဇာတ်လမ်းက ဇာတ်ဖတ်လိုက်တာနဲ့ ကိုယ့်မြန်မာသမိုင်း၊ အရည်းကြီး ခေတ် တုန်းက သာသနာနဲ့ပတ်သက်ပြီး ဘယ်လောက်ကွယ် ပျောက်ခဲ့လဲ၊ သာသနာနဲ့ပတ်သက်ပြီး ဘယ်လို လုပ်ဆောင် ခဲ့လဲဆိုတာရိုက်မယ်ဆိုတော့ ဒီဇာတ်ကားရုံတင်ရင်ပရိသတ်တွေ ကြိုက်မယ်ထင်ပါတယ်။ အားလုံးက ကြိုးစားအားထုတ်ထားမယ့် ဇာတ်ကားဆိုတော့ ရိုက်လို့ရှိရင်လည်း ကိုယ့်အတွက် အထူးအဆန်း ဖြစ်နေသလို ရုံတင်ရင်လည်း ပရိသတ်တွေအတွက် ကြည့်လို့တန်မယ့် ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကား ဖြစ်မှာပါ” လို့ ရတနာဗိုလ်က ပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here