မိဘမဲ့ကလေးများ၊ ကျောင်းသားများအတွက်ရေလောင်းအိမ်သာနှင့် ကျောင်းဝတ်စုံများလှူဒါန်း

0
247

မင်္ဂလာဒုံမြို့နယ်၊ ရွှေမင်းဝန် တောရ ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဆရာလေး သီလရှင် စာသင်တိုက်နှင့် ဘုန်းတော် ကြီးသင် ပညာရေးကျောင်း၊ မြောက် ဥက္ကလာပမြို့နယ်၊ ဓမ္မမေဒိနီ ပရိ ယတ္တိစာသင်တိုက်နှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတို့၏ ဦးစီး ပဓာန နာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇာနေယျ (ဓမ္မာစရိယ ၊ အဂ္ဂမ ဟာသဒ္ဓမ္မဇောတိကဓဇ ၊ မဟာကမ္မ ဌာနစရိယ)အား အမှူးထားပြီးSeaTeam Management နဲ့ Saint Johns Ship Management Sgpore မှ ပူးပေါင်း၍ နိုဝင်ဘာ ၂၈ ရက်နေ့က မင်္ဂလာဒုံ မြို့နယ် ဆရာလေး သီလရှင် စာသင်တိုက်နှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွင် ပညာသင်ကြားနေလျက် ရှိသော မိဘမဲ့ကလေး ၂၅ဝ ဦးနှင့် ကျောင်းသား ၇ဝဝ ဦးတို့အတွက် ရေလောင်းအိမ်သာနှင့် ကျောင်း ဝတ်စုံများ လှူဒါန်းခဲ့ကြောင်း သိရ သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here