မနီး မဝေးတော့တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ရဲ့ မင်္ဂလာပွဲ

0
361

သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူ နှစ်ဦးကတော့ မင်္ဂလာကိစ္စအတွက် အစီအစဉ်ဆွဲထားတာတွေရှိနေပြီ ဖြစ်ပေမယ့်လည်း ဘယ်တော့မင်္ဂလာ ဆောင်ဖြစ်မှာလဲဆိုတာကို လျှို့ဝှက် ထားဆဲဖြစ်ပါတယ်။ အကြောင်းပြချက် များများစားစားမရှိသေးဘဲ မင်္ဂလာ ကိစ္စနီးပြီဆိုတာနဲ့ ပရိသတ်တွေကို ချပြသွားမှာဖြစ်ပါတယ်။ သူရိယပြော တာကတော့ မင်္ဂလာနေ့ရက်ကို ကိုယ်တိုင်ရွေးထားတာမျိုးရှိနေပြီ ဖြစ်ပေမယ့်လည်း တကယ်ဆောင် ခါနီးမှ ပရိသတ်ကို ချပြပေးသွားမှာ ဖြစ်တယ်လို့ဆိုတယ်။ အခုတော့ မင်္ဂ လာကိစ္စဝေးသေးတယ်လားဆိုတဲ့ အမေးကိုတော့ ဆုအိမ့်စံက. . .

” အဲဒီလိုတော့မဆိုလိုချင်ဘူး။ ဆုတို့က ဝေးသေးတယ်လည်း မ ဟုတ်ဘူး။ နီးတယ်လည်းမဟုတ်ဘူး။ ဝေးတယ် နီးတယ် မဆိုလိုဘူးပေါ့ နော်။ ဝုန်းဒိုင်းဆိုပြီးတော့ လျှပ်တစ် ပြက်ကြေညာမယ်”လို့ ပြောပါတယ်။

သူရိယကတော့ ချစ်သူဖြစ်သူ ဆုအိမ့်စံပြောတဲ့ ဝုန်းဒိုင်း(ဝုန်းခနဲ) ဆိုတဲ့သဘောကို ပြန်ရှင်းတယ်။

”ဝုန်းဒိုင်းဖြစ်အောင်ဆိုတာ ကဗျာ ကျွန်တော်တို့က ပျိုးနေတာ ပေါ့။ ဝုန်းခနဲ တောက်ဖို့ကို လောင် စာများများထည့်နေတဲ့ သဘောပေါ့” လို့ ပြောပြပါတယ်။

ဆုအိမ့်စံကတော့ သူတို့ချစ်သူနှစ်ဦးရဲ့အကြောင်းတွေကို ပရိသတ် တွေက တရားဝင် သိရှိထားပြီးသား ဖြစ်တာနဲ့အညီ မင်္ဂလာပွဲဘယ်တော့ လဲဆိုတာကို လျှို့ဝှက်ထားတာသာ ဖြစ်ပြီး နီးပြီဆိုတာနဲ့ အကုန်လုံးကို ပြောပြမှာ ဖြစ်ပြီး ခိုးပြီးတော့လည်း မင်္ဂလာ မဆောင်ပါဘူးလို့ ပြောပြ တယ်။

”ဆု စိတ်ကူးထားတဲ့ မင်္ဂလာပွဲ ပုံစံမျိုးရှိလားဆိုတာထက်လေ အဓိ ကကတော့ ဆုရဲ့စိတ်ဆန္ဒက မင်္ဂလာ ပွဲကို ဟဲဗီးကြီးလုပ်ချင်တာမျိုး လုံးဝ မရှိဘူး။ စိတ်ကူးပြီး စီစဉ်ထားတာ တွေတော့ရှိတာပေါ့လေ။ ကြိုပြောပြ လို့ မရတဲ့အရာတွေပေါ့”လို့ ဆုအိမ့် စံက ဆိုပါတယ်။

လက်မထပ်ခင်မှာ သူရိယအနေ နဲ့ ဆုအိမ့်စံကို လက်ထပ်ခွင့် တောင်း ခါနီးမှာ Romance ဆန်ဆန် မြင် တွေ့ရမလားဆိုတာကို စောင့်ကြည့် ရမှာ ဖြစ်ပေမယ့် သူရိယနဲ့ ဆုအိမ့် စံတို့ကြားမှာ လျှို့ဝှက်ချက်ဆိုတာ အတော်နည်းပြီး တစ်ယောက်အ ကြောင်းကို တစ်ယောက်သိနေကြ တဲ့အတွက် Suprise လုပ်ဖို့က တော့ ခက်ခဲနိုင်ကြောင်း သိရတယ်။

ပြီးတော့ သူတို့နှစ်ယောက် တစ် ယောက်နဲ့ တစ်ယောက်ကလည်း ရန်ဖြစ်တာဆိုတာ မရှိသလောက် နည်းတယ်။ သူရိယက အစအနောက် သန်တဲ့သူတစ်ဦး ဖြစ်တယ်။ ဆုအိမ့်စံ ကတော့ အမြဲတမ်းရယ်နေရတာ များတော့ ပျော်ရွှင်စရာချစ်သူစုံတွဲ လည်း ဖြစ်တယ်။

”တော်ရုံရန်မဖြစ်ကြဘူး။ တစ်ခါတစ်ရန် ဖြစ်ပြီဆိုရင် သူပဲ ပြန် ချော့တာ များတယ်။ ခဏပဲနော် သူ့မျက်နှာ ပြန်တွေ့တာနဲ့ ရယ်ချင် နေပြီ။ စိတ်ဆိုးစိတ်ကောက်လည်း ခဏပဲ” လို့ ဆုအိမ့်စံက ပြောပါတယ်။

သူတို့ချစ်သူနှစ်ဦးအတူ ပါဝင် သရုပ်ဆောင်ထားတဲ့ ‘သရဲသင်္ဘော’၊ ‘ဖေ့စ်ဘုတ်ရွာ-၂’ ၊ ‘အမေမဖြစ်ခင် အပျိုတစ်ခေတ်’စတဲ့ ရုပ်ရှင်ဇာတ် ကားတွေ ရုံတင်လာဖို့ရှိနေပြီး အခု ရိုက်ကူးမယ့်ဇာတ်ကားကတော့ ‘စိန် ဂေါ်လီမများရဲ့ယောက်ျား’လို့ အမည် ရတဲ့ ရုပ်ရှင်ဇာတ်ကားကို နာမည် ကျော် သရုပ်ဆောင်များစွာနဲ့အတူ တွဲဖက် သရုပ်ဆောင် ရိုက်ကူးသွားဖို့ ရှိနေပါ တယ်။

ထက်လူ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here