စာရေးဆရာမကြီး ကြည်အေးအတွက် အလှူပြုလုပ်ခဲ့ကြတဲ့ ‘မီ’ရုပ်ရှင်အဖွဲ့သားများ

0
160

အခုလက်ရှိ ရုံတင်ပြသလျက် ရှိတဲ့ ‘မီ’ ရုပ်ရှင်ဇာတ်ကားရဲ့ မူရင်း ဝတ္တု ‘မီ’ကို ရေးသားသူ စာရေး ဆရာမကြီး ကြည်အေး ကွယ်လွန်ခဲ့ တာဟာဆိုရင် လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ၂နှစ်ပြည့်ခဲ့ပြီဖြစ်ပါ တယ်။ ဆရာမ ကြည်အေးကို ရည်စူးပြီး နိုဝင်ဘာလ ၅ ရက်နေ့က ရန်ကင်းရှိ အရိယမဂ္ဂင်သာသနာ့ ရိပ်သာကျောင်းမှာ ‘မီ’ ရုပ်ရှင် ဇာတ် ကားအဖွဲ့သားတွေက နေ့ဆွမ်း ဆက်ကပ် အလှူပြုလုပ်ခဲ့ကြပါတယ်။ အလှူပြုလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ပိုင်ဖြိုးသုရဲ့ မိခင်ဖြစ်သူ ဒေါက်တာ နွယ်ဦးက…

”ဆရာမကြီး ကြည်အေးက ဒီဇင်ဘာလ ၂၈ရက်နေ့ဆိုရင် ၂ နှစ် တိတိပြည့်ပြီ။ ကျွန်မတို့ရိုက်ကူးတဲ့ မီဝတ္တုက ဆရာမကြီး ရေးခဲ့သမျှ ဝတ္တုတွေထဲမှာ ပထမဆုံးအနေနဲ့ ရုပ်ရှင်အဖြစ် မြင်ရမယ့် ဝတ္တုလည်း ဖြစ်တယ်။ စိတ်ထဲမှာ ဆရာမကြီး အတွက် ကောင်းမှုကုသိုလ် လုပ် ပေးချင်တဲ့ စိတ်ဆန္ဒပေါ်ပေါက်လာ တဲ့ အတွက် ဒီအလှူကို လုပ်ပေးဖြစ် တာပါ” လို့ ပြောပြပါတယ်။

‘မီ’ ဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာဏကြီးကလည်း…

”ဆရာမကြီး ကြည်အေးက ‘မီ’ ဆိုတဲ့ဝတ္တုကို ရေးခဲ့လို့သာ ကျွန်တော် ဒီဇာတ်ကားကို ရိုက်ကူးခွင့်ရတာပါ။ ဆရာမကြီးရဲ့ အနုပညာကတော့ ပြောပြစရာမလိုဘူး။ မီ ဝတ္တုကို ဖတ်ဖူးတဲ့လူတိုင်း သိတယ်။ အဲဒီလို ဝတ္တုကို ကျွန်တော် ရုပ်ရှင်အဖြစ် ဖန်တီးခွင့်ရတာ တအားကိုဂုဏ် ယူပါတယ်။ ဆရာမကြီး ရောက်ရာ ဘုံဘဝကနေ ကျွန်တော်ရိုက်ကူးထား တာလေးကို ပီတိဖြစ်နိုင်ပါစေ၊ ကျေ နပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အဲဒီအလှူပွဲကို စာရေးဆရာမ ကြီး ကြည်အေးရဲ့တူမဖြစ်သူ ဒေါ်ရီရီ ဝင်းလည်း တက်ရောက်ခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here