မင်းသွေးက သေခြင်းတရားကို တရားပြသွားခဲ့တယ်နေတိုး

0
158

နေတိုးက ‘မုန်းစွဲ’ရုပ်ရှင်ဇာတ် ကားမှာ လူဆိုးလူမိုက်ဘဝရော၊ ရဟန်းဘဝနဲ့ပါ နှစ်ဘဝကို သရုပ် ဆောင်ခဲ့ပါတယ်။ ညီဖြစ်သူ မင်းသွေးနဲ့ ထူးထူးခြားခြား ရိုက်ကူး ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ရုံတင်ပြသ တဲ့အချိန်မှာ မင်းသွေး မရှိတော့တာ ကတော့ အကြီးမားဆုံး အမှတ်တရ ပါလို့ ဆိုပါတယ်။ ဒီဇာတ်ကားမှာ ညီဖြစ်သူ မင်းသွေးက ကြိုးစားအား ထုတ်မှုတွေ ပိုလုပ်ခဲ့တယ်လို့ဆိုတဲ့ နေတိုးက …

”ဒီဇာတ်ကားကို သူလည်း မကြည့်ခဲ့ရဘူး။ အကြိမ်ကြိမ်ကြည့် ဖို့အတွက် ချိန်းခဲ့တယ်ဆိုပေမယ့် ကျွန်တော်ပဲ ကြည့်ခွင့်ရခဲ့တယ်။ သူ့ အနေနဲ့ ကြည့်ဖို့ ကံမပါလာခဲ့ဘူး။ ဒီဇာတ်ကားကို သူတအားလည်း ကြိုး စားထားတယ်။ အရှင်းဆုံးပြောရရင် ကျွန်တော့်ထက်တောင် ပိုပြီး စိတ် နှစ်ပြီး အလုပ်လုပ်ခဲ့တယ်လို့ မြင်ပါ တယ်။ သူ့ဘဝအတွက်လည်း အမှတ် တရ တကယ်ဖြစ်ခဲ့သလို သေခြင်း တရားအပေါ်မှာ ကိုယ်တိုင် အစွဲဖြတ် နိုင်အောင် တရားနဲ့ လမ်းပြပေးခဲ့ တယ်လို့ မြင်ပါတယ်” လို့ ပြောပါ တယ်။

နေတိုးက ဒီဇာတ်ကားကို ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့တဲ့အတွက် သရုပ်ဆောင်တဲ့ နေရာမှာ အခက်အခဲတော့ မရှိခဲ့ပါ ဘူး။ ပရိသတ်တွေကြည့်ရတာ နောင် တမရစေမယ့် ဇာတ်ကားတစ်ကားဖြစ် ကြောင်းကိုလည်း နေတိုးက …

”ဒီဇာတ်ကားကို Pre- production မှာကတည်းက ညှိနှိုင်း တယ်။ ဝတ်စားဆင်ယင်မှုအပိုင်းမှာ Stylist တွေလည်းပါတယ်။ Art Director တွေလည်းပါတယ်။ Pre- production မှာသေချာလေး တိုင် ပင်ထားပြီး ခေတ်အချိန်အခါနဲ့ အကိုက်ညီဆုံး ဒီဇာတ်ကားနဲ့ အလိုက်ဖက်ဆုံးဖြစ်အောင်လုပ်ခဲ့ တယ်။ အဲဒီလိုလုပ်ခဲ့တဲ့ထဲမှာ မင်းသွေး လည်း အပါအဝင်ပေါ့။ အကြံဥာဏ် တွေပေးခဲ့တယ်။ အမှတ်တရကတော့ ဒါရိုက်တာသြရသကလည်း သူငယ် ချင်းပဲ။ Photography ကိုဝင်းလွင် ထက်လည်း သူငယ်ချင်းပဲ။ ကင်မရာ သမားတွေကလည်း ကျွန်တော့် တပည့်တွေချည်းပဲဆိုတော့ ဒီဇာတ် ကားထဲမှာ ဖြစ်ရပ်မှန်တစ်ခုကို သဘာဝကျကျ ရိုက်ကူးနိုင်ခဲ့တယ်။ လုပ်ခွင့်ရှိတဲ့အခွင့်အရေးကို အကောင်း ဆုံးအသုံးချထားတယ်။ ပရိသတ်လာ ရောက်ကြည့်တဲ့အခါမှာ နောင်တမရ မယ့် ဇာတ်ကားလို့ ထင်ပါတယ်” လို့ ပြောပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီး အကယ်ဒမီ မျှော်မှန်းပေးကြတဲ့အပေါ် မှာ နေတိုးကတော့ ဘယ်ဇာတ်ကားမဆို အလုပ်လုပ်တိုင်း အကယ်ဒမီဆိုတာကို ကိုယ်နဲ့မဆိုင်ဘူးလို့ သတ်မှတ်ထား ကြောင်း ပြောပြသွားခဲ့ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here