ဒါရိုက်တာသြရသက ‘မုန်းစွဲ’ ဇာတ်ကားမှာ ဘယ်သူတွေကို အကယ်ဒမီရစေချင်လဲ

0
105


‘မုန်းစွဲ’ ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုပြီးသွားသူတွေက ဝိုင်းဝန်း ချီးကျူးကြတဲ့အတွက် အတိုင်းမသိ ဝမ်းသာတယ်လို့ ဆိုသူက ဒီဇာတ် ကားကို ဖန်တီးတဲ့ ဒါရိုက်တာသြရသ ပါ။ ဒီဇာတ်ကားက သာမန်ရုပ်ရှင် ဇာတ်ကားတွေထက် ကုန်ကျစရိတ် နှစ်ဆကျော်ကုန်ကျခဲ့ပြီး ပရိသတ် တွေကို ဇာတ်ကားကောင်းတစ်ကား ကြည့်စေချင်တဲ့ဆန္ဒနဲ့ ရိုက်ကူး ပုံဖော်ခဲ့ကြတာပါ။ ဒီဇာတ်ကား ကြည့်ရှုပြီးသူတိုင်းကတော့ အကယ် ဒမီထူးချွန်ဆုတွေနဲ့ ထိုက်တန်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလို့ ဆိုကြ ပါတယ်။ ဖန်တီးသူတစ်ယောက်အနေ နဲ့ ဘယ်သူတွေကို အကယ်ဒမီရစေ ချင်လဲ ဆိုတာကိုတော့ ဒါရိုက်တာ သြရသက …

“ဒီဇာတ်ကားမှာ ပါဝင်တဲ့ သူ တိုင်းက ကိုယ်ကျရာ အခန်းကဏ္ဍမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြ တဲ့အတွက် ဒီဇာတ်ကားက တကယ် ကောင်းတာပါ။ သရုပ်ဆောင်တွေ နေတိုးဆိုလည်း တအားကောင်း တယ်။ နေတိုးဆိုရင် စရိုက်သုံးမျိုး နဲ့တွေ့ရမယ်။ ဘုန်းကြီးကာရိုက်တာ နှစ်ခု၊ ဘုန်းကြီးမှာမှ သူတို့ရဲ့ ကာ ရိုက်တာမတူဘူး။ ဟိုးအရင်ဘဝက လူမိုက်၊ အဲဒီကာရိုက်တာ ၃ ခုကို နေတိုးသရုပ်ဆောင်တာ အရမ်း ကောင်းတယ်။ အဲဒီလိုပဲ ကျော်ကျော် ဗိုလ်လည်း တအားကောင်းတယ်။ အမုန်းအာဂတတွေကို မချေဖျက် နိုင်ဘဲနဲ့ သေတဲ့ထိ လုံးဝမုန်းသွားတဲ့ လူတစ်ယောက်။ သူလည်း တအား ကောင်းတယ်။ မအေးသောင်းကို လည်း အကုန်လုံးကြည့်လိုက်တာနဲ့ အဲဒီလောက်တောင် ကောင်းလား ခံစားရလိမ့်မယ်။ ဖွေးဖွေးကတော့ ပြောစရာမလိုဘူး။ အစကနေအဆုံး အထိ သူ့ရဲ့ ကျရာ အခန်းကဏ္ဍကို အပီပြင်ဆုံး သရုပ်ဆောင်သွားနိုင် တယ်။ မင်းသွေးလည်း သူ့ဇာတ် ကောင်ကို အကောင်းဆုံး သရုပ် ဆောင် သွားတာပဲ။ အကယ်ဒမီက တော့ ပေးရင်တော့ အကုန်လုံးကို ရစေချင်ပါတယ်။ DOP ဝင်းလွင် ထက်ဆိုလည်း နေ့မအိပ်ညမအိပ် ကြိုးစားခဲ့တယ်။ ကင်မရာအဖွဲ့တွေ Cinematographer အာကာတိုးတို့ လည်း တအားအလုပ်လုပ်ခဲ့ကြ တယ်။ ဓာတ်ပုံဆုတွေလည်း ရစေချင် တယ်။ နောက်ခံတေးဂီတကိုလည်း ရစေချင်တယ်။ နောက်ပြီး ဇာတ်ညွှန်း ဆုလည်း ရစေချင်ပါတယ်။ သူတို့ အားလုံးထူးချွန်ဆုရမယ်ဆိုရင် ကျွန် တော်ပိုပျော်မိမှာပါ” လို့ ပြောပါ တယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here