ပေးသောလက်…

0
313

ပြန်တော့မယ့်သားအတွက်
တွေးပူမှုတွေကို
ရှိုက်ထုတ်နေတဲ့ အခိုးငွေ့တွေကြား
အထင်းသားပဲ
ဘယ်ကျောပြင်ကိုမှ
ငေးမကြည့်ချင်ကြဘူးလေ။

မြို့ ကြီးရောက်တဲ့သား
မြို့ ကြီးပြန်ခါနီးတိုင်း
အဖေနဲ့အမေ
အမြဲ တီးတိုးစကားပြောတယ်။

အပြန်ပါလာခဲ့တဲ့ မုန့်တစ်ဘူးကို
မစားရက်မသောက်ရက် သူတို့မှာ
မနက်တိုင်း ဆွမ်းတော်တင်ပြီး
ဆုတောင်းပေးလိုက်ရတာ အမော။

ကိုချစ်ဒွင်း (ကေတုမတီ)


LEAVE A REPLY

Please enter your comment!
Please enter your name here