သဘင်ချစ်သူများအတွက် သဘင်သုံးအလင်္ကာစာပေမှတ်တမ်းများ စာအုပ်မိတ်ဆက်

0
322

ဇာတ်သဘင်လောကတွင်တစ်ချိန်ကထင်ရှားခဲ့သည့် ဇာတ်မင်း သားကြီး ပန်တျာမြကြည် ရေးသား သော သဘင်သုံးအလင်္ကာစာပေ မှတ်တမ်းများ စာအုပ်မိတ်ဆက်ပွဲကို နိုဝင်ဘာလ ၃ရက်နေ့က အမရပူ ရတောင်သမန် တောင်လေးလုံး ကျောင်းတိုက် သူဌေးဘုရားရင်ပြင်၌ ကျင်းပခဲ့သည်။

စာအုပ်မိတ်ဆက်ပွဲတွင် ဇာတ်မင်းသားကြီး စည်သူဦးရွှေနန်းတင်၊သဘင်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဇာတ် မင်းသားကြီးဦးသိန်းဇော်၊ဦးဇော် ဋ္ဌေး (ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန)၊ တေးရေး တက်ခေတ်လင်းဇော်၊ လူရွှင်တော် ကြီး ဦးထင်ပေါ်၊လူရွှင်တော်စာရေး ဆရာ ဦးချစ်စရာနှင့်ပန်တျာကျော် ဝင်းတို့က မုဒိတာစကားများ ပြော ကြားကြပြီး စာရေးသူပန်တျာမြ ကြည်က စာအုပ်ရေးဖြစ်ပုံအားရှင်း လင်း ပြောကြားကာ ကျေးဇူးတင် စကားပြောကြားခဲ့သည်။

”မြန်မာ့ဇာတ်သဘင်လောကနဲ့ ပတ်သက်ပြီး ခေတ်အခြေအနေအရ တိမ်မြုပ်ပျောက်ကွယ်တော့မတတ် ဖြစ်နေတဲ့ မြန်မာ့ယဉ်ကျေးမှုစစ်စစ် ဇာတ်သဘင်ပညာရပ်တွေကို မျိုး ဆက်သစ်သဘင်လောကသားတွေနဲ့ နှောင်းလူတွေသိရှိစေဖို့ ရေးသားစီ စဉ်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ် ပါတယ်။ ဒီစာအုပ်ထဲမှာ ထီးသုံးနန်း သုံးရွှေနန်းတော်ကြီးသုံးဝေါဟာရစကားလုံးတွေ၊ ဇာတ်သဘင်နဲ့ပတ် သက်တဲ့ ဗဟုသုတတွေကို သဘင် လောကသားတွေရော သဘင်လော ကသားမဟုတ်ပေမယ့်လည်း သဘင် ပညာရပ် လေ့လာသူတွေအတွက်ပါ မှတ်တမ်းမှတ်ရာကျမ်းတစ်စောင် အ ဖြစ် ကြိုးပမ်းထားတာဖြစ်တယ်”ဟု မင်းသား ကြီးပန်တျာမြကြည်က ပြောသည်။

သဘင်သုံးအလင်္ကာစာပေမှတ် တမ်းစာအုပ်အတွက် မင်းသားကြီး ဦးရွှေနန်းတင်၊ အကယ် ဒမီဒါရိုက်တာဦးဝင်းဖေ၊မောင်သန်းဆွေ(ထားဝယ်)၊စာရေးဆရာချစ်ဦးညိုနှင့်ဆရာလေး ဦးသန်းအောင်တို့က အမှာ စာရေးသားပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here