လူသူမသိအတ္တုပ္ပတ္တိ

0
215

လက်မြှောက်အရှုံးပေးခြင်း
သူရှုံးသွားပြီ။ သူလက်နှစ်ဖက် ကို အပေါ်သို့ ထောင့်မှန်ကွေးအနေ အထားဖြင့် မြှောက်ထားသည်။ သူ ဘာစကားမှမပြော။ သူဘာမှမလုပ်။ သူငြိမ်ငြိမ်သက်သက်ပင်။ လက်နှစ် ဖက်ကို မြှောက်လျက်။ သူ၏ဦးခေါင်း ထဲ၌ ဝေါဟာရတစ်ခုရှိသည်။ ယင်း မှာ ‘ငါရှုံးသွားပြီ’ဟုပင်။ သူသည် မိမိ ၏အရည်အချင်းထက် ပို၍မိမိကိုယ် ကိုယ်ထင်မှတ်ခဲ့သည်။ ကျောက်တုံး ကြီးလိမ့်ဆင်းလာလျှင် ထွက်ပြေးရ မည်ဟု ထိုစဉ်က သူမသိခဲ့။ အဖြစ် အပျက်က သိပ်အများကြီးတော့ မဟုတ်။ ကျောက်တုံးကြီးလိမ့်ဆင်း လာသည်။ ထို့နောက် သူရှုံးသွား သည်။ သူလက်မြှောက်အရှုံးပေး လိုက်သည်။

အရှုံးက အခြားသူတွေကို ဘာဖြစ်စေမလဲ

သူသည် ငြိမ်ငြိမ်ကလေးထိုင် နေသည်။ အသက်ကို ဖြည်းဖြည်း ချင်းရှူသည်။ သူရှေ့က စားပွဲပေါ် ဆန်ပြုတ်ကျဲကျဲ တစ်ပန်းကန်။ အေး စက်နေပါပြီ။ သူရှုံးခဲ့ပြီ။ ဆန်ပြုတ် ကျဲကျဲ တစ်ပန်းကန်သည် ရှုံးနိမ့်သူ၏ ညစာဖြစ်သည်။ အပြင်ဘက်မှာ အ မှောင်ထုသည် သူ၏ခြေတစ်ဖက်ကို ချ၍ ဝင်လာတော့မည်။ သူက ရှုံးနိမ့် သူ။ သူ၏အရှုံးက အခြားသူတွေကို ဘာဖြစ်စေမလဲ။ ဝမ်းနည်းစေလိမ့် မည်လား။ သို့မဟုတ် ပျော်ရွှင်နေစေ လိမ့်မည်လား။ သူသည် ကံဆိုးစွာပင် ထိုအကြောင်းများကို တွေးနေမိ၏။ ထိုနေ့က ညက ညဥ့်မိုးချုပ်သည်အထိ သူထိုင်နေသည်။ အေးစက်နေသော ဆန်ပြုတ်တစ်ပန်းကန်ကို သူမော့ သောက်ပစ်လိုက်သည်။ ညဥ့်နက် သည်ထိ သူမအိပ်။

အရှုံးကိုကောင်းစွာ သိမ်းဆည်းခြင်း

သူသည် အရှုံးကို ကောင်းမွန် စွာ သိမ်းဆည်းနိုင်ခဲ့သည်။ သူ၏အ ရှုံးကြောင့် မည်သူမျှ ဘာမျှမဖြစ်စေ ရ။ သူသည် သူ၏အရှုံးကို တမြည့် မြည့်သိမ်းဆည်းနိုင်ခဲ့သည်။ သူ၏ ကိုင်း ညွှတ်နေသော ဦးခေါင်းသည် အရှုံး သမားတစ်ယောက်ဖြစ်ကြောင်း ဖော် ပြနေသည်။ သူသည် ဝေးဝေးလံလံ သို့မသွား။ အနီးအပါးမှာပဲ ငြိမ်ငြိမ် သက်သက်နှင့်။ သစ်တော်ပင်အောက် ၌ ထိုင်လျက် မလှုပ်မယှက်ငြိမ် သက် နေသော သူ့ကိုတွေ့ရသည်။ တော အုပ်၏ ဟိုတစ်ဖက်၌ မိုးသားများ ထစ်ချုန်းကာ လျှပ်ပြက်နေသည်။ ည စာအဖြစ် ရောက်ရှိလာသော ဆန် ပြုတ်ကို ဖြည်းဖြည်းချင်းသောက် သည်။ ဟိုးဝေးဝေးမှာ မိုးရွာနေသည်။

နှစ်များကြာလွန်ခဲ့ပြီးနောက်

သူသည် ကိုယ်မတ်မတ်ရပ်လျက် မြေနီလမ်းကလေးအတိုင်း လျှောက် သွားသည်။ သစ်တော်ပင်မှာ သစ် တော်သီးများစ၍ သီးနေပြီ။ နှစ်များ ကြာလွန်ခဲ့သောအခါ သူ၏ အရှုံး သည် တဖြည်းဖြည်းအသွင်ပြောင်းလဲ လာသည်။ ဦးစွာသည်းခံနိုင်ခြင်းဖြစ် လာသည်။ ¤င်းနောက် ဆင်ခြင်တုံ တရားဖြစ်လာသည်။ နားလည်သိရှိ သူတို့၏ ပြောကြားချက်များအရ သူ ၏အရှုံးသည် နည်းလမ်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ဆိုကြသည်။ သူသည် မြေနီလမ်းကလေးပေါ်မှာ။ ဆန်ပြုတ်အိုးက မီးဖိုပေါ်မှာ တပွက် ပွက်။

နည်းလမ်းတစ်ခုအဖြစ် ရောက်ရှိလာခြင်း

အရှုံးသည် ကြောက်မက်ဖွယ် ကောင်းသော ဖြစ်ရပ်တစ်ခုအဖြစ် ရောက်ရှိနိုင်သော်လည်း သူ၏အရှုံး မှာ နည်းလမ်းတစ်ခုအဖြစ် ရောက်ရှိ သွားခဲ့၏။ ကျောက်တုံးကြီးလိမ့်ဆင်း လာပြန်ပြီ။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here