သန့်သန့်ပြန့်ပြန့် နေတတ်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုရှိတဲ့သူကို ကြိုက်တယ် သင်ဇာဝင့်ကျော်

0
200

ပရိသတ်တွေက အားပေးတဲ့အထဲမှာမှ ယောက်ျားလေး ပရိသတ်အများအပြားရရှိထားတဲ့ သရုပ်ဆောင် သင်ဇာဝင့် ကျော်ကတော့ ဆွဲဆောင်မှုအပြည့်နဲ့ စတိုင်လ်အမြဲလန်းနေပါ တယ်။ လက်ရှိမှာ ချစ်သူမရှိသေးတဲ့ သင်ဇာ့အနေနဲ့ ဘယ်လိုလူကို ချစ်သူအဖြစ် ရွေးချယ်မလဲဆိုတာကိုလည်း ပရိ သတ်တွေက စိတ်ဝင်စားနေကြပါတယ်။ ဘယ် လို ယောက်ျားလေးမျိုးကိုသဘောကျသလဲ လို့ မေးကြည့်တဲ့အခါမှာတော့ သင်ဇာဝင့် ကျော်က …

”ပုဆိုးလေးနဲ့ သန့်ပြန့်နေရမယ်။ ကြည့်လိုက်တာနဲ့သန့်နေရမယ်။ ခြေ သည်းလက်သည်းတွေကအစပေါ့။ နောက်ပြီး ကွမ်းမစားရဘူး။ ကွမ်းစား တဲ့သူတွေဆို သိပ်မကြိုက်ဘူး။ ဆေး လိပ်လည်းတအားမသောက်ရဘူး။ အရက်လည်း တအားမသောက်ရ ဘူး။ ကိုယ်က အဲဒီလိုပုံစံမျိုး ကြိုက်တယ်။ သန့်သန့်ပြန့်ပြန့် နေတတ်ပြီး တစ်ကိုယ်ရေသန့်ရှင်း မှုရှိတဲ့သူကို ကြိုက်တယ်။ ပြီးတော့ ဝတ်ပုံစားပုံဆိုလို့ရှိရင်လည်း K-Pop ဒီဇိုင်းတွေ မဟုတ်ဘဲနဲ့ ရှုပ်ယှက်ခတ် မနေဘဲနဲ့ တီရှပ်နဲ့ ဂျင်းဘောင်းဘီလေး ဝတ်ရင်တောင်မှ ဆွဲဆောင်မှုရှိမယ့်ပုံစံမျိုးပေါ့။ အဲဒီလိုပုံစံမျိုးကို သဘောကျတယ်”လို့ ပြော ပါတယ်။

သင်ဇာဝင့်ကျော်က လတ်တလောမှာ ‘လျှို့ဝှက် စာမျက်နှာ’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရဲရင့် အောင်၊ ခါရာတို့နဲ့အတူတူ ပါဝင်သရုပ်ဆောင် နေ ပါတယ်။ အနုပညာသက်တမ်း ၁ဝ နှစ်ကျော်ရှိ ပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်က ဘယ်အလုပ်ကိုမဆို စေတနာထားပြီး အကောင်းဆုံးဖြစ်အောင် အမြဲ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

”သင်ဇာ အနုပညာလောကထဲ ဝင်လာတာ အခုဆို ၁ဝ နှစ်ကျော်ပါ ပြီ။ အကုန်လုံးနဲ့ အဆင်ပြေတယ်။ ကိုယ်လုပ်တဲ့ အလုပ်မှာလည်း ကြိုးစားတယ်။ ဒီ အလုပ်က ကိုယ့်အသက် မွေးဝမ်းကျောင်းအလုပ်လည်း ဖြစ်တယ်။ ဝါသနာအရ လုပ်နေတဲ့အလုပ်လည်း ဖြစ် တယ်။ ကိုယ့်ဘဝအတွက် တအားအရေးပါတဲ့အလုပ် လည်းဖြစ်တယ်။ ဘယ်အလုပ်ကိုမဆို စေတနာထားပြီး လုပ်ပါတယ်။ တစ်ခါတလေကျတော့လည်း တချို့လူ တွေ Request လုပ်လာတဲ့အခါ ကိုယ်သာ ဒီဇာတ် ကားကို ငြင်းလိုက်ရင်ကိုယ်ငြင်းလိုက်တဲ့နေရာမှာ သူ တို့တွေ တခြားတစ်ယောက် ရကောင်းရလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်လောက် ဝိတ်မရှိတဲ့သူတွေဖြစ်သွားမယ် ဆိုရင် သူတို့အတွက် နစ်နာမှုဖြစ်သွားမှာ စိုးလို့ မငြင်း ဘဲနဲ့ ရိုက်ပေးခဲ့ရတဲ့ကားတွေလည်း အများကြီးရှိ ပါတယ်။ ဒါကတော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ စေတ နာတော့ ရောင်ပြန်ဟပ်မှာပါ။ ကိုယ့်အလုပ်အပေါ်မှာ အကောင်းဆုံးဖြစ်အောင်ပဲအမြဲကြိုးစားနေတယ်” လို့ သင်ဇာဝင့်ကျော်က ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here