ကျော်ကျော်ဗိုေ ပြာ ပြ တဲ့ မင်းသွေးနဲ့ အမှတ်တရတွေအကြောင်း

0
228

သရုပ်ဆောင်ကျော်ကျော်ဗိုကတော့ လတ်တလောမှာ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘မုန်းစွဲ’ ရုပ်ရှင် ဇာတ်ကားကြီး ရုံတင်တော့မှာ ဖြစ်တဲ့အတွက် ရင်ခုန်နေတယ်လို့လည်းသိရပါတယ်။ ‘မုန်းစွဲ’ ရုပ် ရှင်ဇာတ်ကားဟာဆိုရင် သရုပ်ဆောင်နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ သရုပ်ဆောင်ပေါင်းများစွာ ပါဝင် ထားပြီး ‘မုန်းစွဲ’ရုပ်ရှင်ဇာတ်ကား ရုံမတင်ခင် Teaser အကြိုပြထားတဲ့ အချိန်မှာတောင် ပရိသတ်ရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ရုပ်ရှင် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ‘မုန်းစွဲ’ရုပ်ရှင်ဇာတ်ကားမှာ ကွယ်လွန် သွားပြီဖြစ်တဲ့ မင်းသွေးလည်း ပါဝင်သရုပ်ဆောင်ထားတာကြောင့် မင်းသွေးနဲ့ရိုက်ကူးခဲ့တဲ့ အမှတ်တရတွေအကြောင်းကို ကျော် ကျော်ဗိုက အခုလိုပဲပြောပြခဲ့ပါတယ်။

”ဒီဇာတ်ကားမှာတော့ အမှတ်တရတွေအများကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဇာတ်ဆောင်တွေအား လုံးကအထဲက ကာရိုက်တာရဲ့ စိန်ခေါ်ခြင်းကို ပြန်ခံရတယ်။ မင်းသွေးဆိုလည်း သူလုပ်ရမယ့်ဇာတ်ဆောင်က သူ့ကို စိန် ခေါ်ခြင်းခံရတယ်။ မင်းငါ့လိုလုပ်နိုင်ပါ့မလား၊ ငါ့လို ရိုင်းနိုင် ပါ့မလား၊ ကြမ်းနိုင်ပါ့မလားဆိုပြီး စိန်ခေါ်တယ်။ နေတိုးဆို လည်း အဲဒီလိုပဲ။ ဖွေးဖွေးဆိုလည်း အဲဒီလိုပဲ။ ကိုကြံ့ဆိုလည်း အဲဒီလိုပဲ။ အထဲကကာရိုက်တာတွေရဲ့ စိန်ခေါ်ခြင်းခံရ တယ်။ အဲဒီတော့ အားလုံးက ကိုယ့်ဝိညာဉ်မဟုတ်ဘဲ သူ များဝိညာဉ်နဲ့ အလုပ်လုပ်ခဲ့ကြတာ။ ပြီးတော့ ပရိသတ် တွေတွက်လည်း သံဝေဂတရားရစေတဲ့ ပညာပေးဇာတ်ကား ဖြစ်တဲ့အတွက် အမှတ်တရတွေ အများကြီးပဲ။ ပြီးတော့ မင်းသွေးနဲ့ဆုံတဲ့ ဇာတ်ကားထဲမှာလည်း ရန်သူဖြစ်တဲ့ ပထမဦးဆုံးဇာတ်ကားပေါ့နော်။ ရန်သူဖြစ်ပြီးဆုံရတဲ့ ဇာတ်ကားဆိုတော့ သူကအမြဲတမ်းနောက်တယ်။ ဒီဇာတ် ကားထဲမှာ သူတို့ညီအစ်ကိုနှစ်ယောက်က ကိုကြံ့ကို နှိပ်စက် တာပေါ့။ ဇာတ်ညွှန်းထွက်ကတည်းက ဖုန်းဆက်ပြီး လှမ်း နောက်တယ်။ ကျွန်တော်ကတော့ အဲဒီကာရိုက်တာ အတိုင်း လုပ်မှာနော်။ အပြင်က အစ်ကိုတွေဘာတွေ နားမလည်ဘူး။ ကျွန်တော် ခင်ဗျားကို နှိပ်စက်မှာနော်ဆိုပြီး အမြဲလှမ်းနောက်တယ်။ အခု ဒီဇာတ်ကားလည်း ရုံတင်တဲ့ အခါမှာ သူမရှိတော့ခံစားရတယ်”လို့ ကျော်ကျော်ဗိုက ပြောပြပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here