အသက် ၆ နှစ်မှာ ကိုရင်ဝတ်တာ ၆ ကြိမ်မြောက် ရှိပြီဖြစ်တဲ့မင်းရွှေရောင်တင်

0
160

မင်းရွှေရောင်တင်(ခ)ပူတူးက အောက်တိုဘာလ ၉ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့ အမှတ် တရအနေနဲ့ ပြင်ဦးလွင်ရှိ၊ အောင် ချမ်းသာကျေးရွာက ဘုန်းကြီး ကျောင်းမှာ ကိုရင်ဝတ်ခဲ့ပါတယ်။ ၆ နှစ်ပြည့်ပြီဖြစ်တဲ့ မင်းရွှေရောင်တင် က မွေးနေ့မှာသာသနာ့ဘောင်ကိုဝင် ရောက်ခဲ့တာ အခုနှစ်နဲ့ဆိုရင် ၆ကြိမ် ရှိပြီလည်းဖြစ်ပါတယ်။ သူကမွေးနေ့ ရောက်ပြီဆိုတာနဲ့ ကိုရင်ဝတ်ချင် တယ်လို့ပဲပူဆာတဲ့အတွက် ကိုရင် ဝတ် ပေးခဲ့တာဖြစ်ပြီး တင်မောင်ဆန်း မင်းဝင်းနဲ့ မအေးမမလှိုင်တို့ မိဘနှစ် ပါးကတော့ သားဖြစ်သူရဲ့ တောင်းဆို မှုကြောင့် နှစ်စဉ်ပီတိဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း သားဖြစ်သူကြောင့် ရဟန်းဒါယကာ၊ ဒါယိကာမဘဝ ရောက်ရှိပြန်တဲ့မိဘနှစ်ပါးက သား ကိုရင်ကိုကြည့်ပြီး ပျော်တပြုံးပြုံးပါပဲ။ ပူတူးရဲ့ ကိုရင်ဘွဲ့နာမည်ကတော့ သောဘိတလို့ အမည်ရပါတယ်။ သာသနာ့ဘောင်ကို ၅ ရက်တာဝင်ရောက်မယ်လို့ သိရပါတယ်။

”ပူတူးက မျှော်စင်ကျွန်းမှာ သူ့ကိုဆုချတဲ့ မုန့်ဖိုးတွေကို အမြဲလှူနေကျလေ။ မနှစ်ကတော့ စာကြည့်တိုက် လှူခဲ့တယ်။ ဒီနှစ်ကတော့ ဘုရားတည်တဲ့နေရာမှာ အလှူငွေထည့်တယ်။ ပြီးတော့ ဆရာတော်ကြီးတွေထံမှာ ဝတ္တုငွေကပ် တယ်။ သူ့အလှူတွေပဲပေါ့” လို့ မင်းရွှေရောင်တင်ရဲ့ အဒေါ်ဖြစ်တဲ့ မအိက တူဖြစ်သူရဲ့အလှူတွေကို ပီတိဖြစ်ရင်း ပြောပြပါတယ်။ အခုလက်ရှိမှာတော့ တင်မောင်ဆန်းမင်းဝင်းတို့က နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ အထိစကုမှာ ကပြမှာဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပြည်ရွှေဆံတော်မှာကပြမှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ရန်ကုန်မြို့၊ သမိုင်းမှာကပြမှာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here