မိဘတွေကို မခွဲနိုင်သေးဘူးဆိုတဲ့ အပျိုကြီး အေးမြတ်သူ

0
201

အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေး အေးမြတ်သူကတော့ မိသားစု အပေါ်ခင်တွယ်တဲ့ အနုပညာရှင် တစ်ဦးလို့ ဆိုရမှာပါ။ အခုအချိန်မှာ မိဘတွေကို အချိန်ပိုပေးဖြစ်သလို မိသားစုတွေအတူပျော်ပျော်ပါးပါးနဲ့ လျှောက်လည်ဖြစ်တာတွေလည်း တွေ့ရပါတယ်။ မိဘတွေကို မခွဲနိုင် တဲ့အတွက် အိမ်ထောင်မပြုဖြစ်သေး ဘူးဆိုတဲ့အေးမြတ်သူက …

”အေးမြတ်သူက အသက်လည်း နည်းနည်းကြီးလာပြီဆိုတော့ မတည် မြဲတဲ့ လောကကြီးမှာ ကိုယ့်ရှိတဲ့ ပတ်ဝန်း ကျငကို ချစရ် မယဆ် တို့ဲ အသေိ လး ဝငလ်ာလပို့ါ။ ဒအီ ချနိ ထိ အပျြိုကီး ဖြစေ် နတာမသိားစေု ကြာင့် လည်း ပါပါတယ။်မိဘတွေကို တအားချစ်တယ်။ အဖေအမေတွေကို မခွဲနိုင်သေးဘူး။ ဒါကြောင့် မို့လို့လည်း ယောက်ျား မရသေးတာထင်တယ်” လို့ပြောပါတယ်။

သီတင်းကျွတ်ပြီ ဖြစ်တဲ့အတွက် ဒီနှစ်မှာမိတ်ဆွေ သူငယ်ချင်းတွေက မစားရသေးဘူးလား လို့ အမေးခံရတာအများဆုံးဖြစ်မလားဆိုတာကိုတော့ အေးမြတ်သူက…

”ဒီနှစ်ကနည်းနည်းငြိမ်တယ်။ အများကြီး အမေးမခံရဘူး။အပျိုဟိုင်းကြီးဖြစ်သွားလို့လေ” လို့ ရယ်ရယ်မောမော ပြောပြခဲ့ပါတယ်။

‘မီ’ ရုပ်ရှင်ဇာတ်ကားအထူးပွဲကို ၁၉၅ဝ ပြည့်နှစ်က ဖက်ရှင်ဝတ်ဆင်ပြီး တက်ရောက်လာတဲ့ အေးမြတ်သူက ဒီဇာတ်ကားကိုတအားစိတ်ဝင်စားသူပါ။ ”သရုပ်ဆောင်၊ ဒါရိုက်တာ အပြင်တစ်ဖွဲ့လုံး၊ Lighting တွေ ရော၊ Art Director တွေရော၊ မိတ်ကပ်ဆိုလည်း မိတ်ကပ်အဖွဲ့နဲ့ အားလုံး အားလုံးက သူ့အခန်းကဏ္ဍနဲ့သူ အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းကြတယ်။ တစ်ယောက်မှချွန်ထွက်မနေဘူး။ Team Work ကောင်းကောင်းနဲ့ သွားထားကြတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ အခန်းတိုင်းမှာပါဝင်တဲ့ ပစ္စည်းတွေအားလုံးက အနုပညာဆန်တယ်။ပန်းချီကားတစ်ချပ်လို အသေးစိတ်ဖန်တီးထားတာသိသာတယ်။ ဒါကြောင့် ဒီဇာတ်ကားကို စိတ်ဝင်စားပြီးလာကြည့်ဖြစ်တာပါ။ ပိုင်ဖြိုးသုဆို တာထက်မီဆိုတဲ့အမျိုး သမီးကို လာပြီး ခံစားတာပါ” လို့ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကား တွေကိုအချိန်ပေးရိုက်ကူးနိုင်ရင် အကောင်းဆုံးဖြစ်ပြီး နောက်ပိုင်းမှာ အခုလို ပဲကြိုးစားနေကြသူတွေ အများကြီးပေါ်ထွက်လာသလိုသူတို့နဲ့အတူကိုယ်တိုင်လည်း ကြိုးစားနိုင်ဖို့လိုအပ်ကြောင်းအေးမြတ်သူကပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here