စိုင်းစိုင်းခမ်းလှိုင်နဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမယ့်ဟန်ဇာမိုးဝင်း

0
233

ရုပ်ရှင်နဲ့ ဗီဒီယိုတွေ မရိုက်ကူး ဖြစ်တာ အချိန်အတော်ကြာပြီဖြစ်တဲ့ ဟန်ဇာမိုးဝင်းက သူငယ်ချင်းဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ရုပ်ရှင်ဇာတ် ကားကြီးရိုက်ကူးဖို့ရှိတယ်လို့ သိရပါ တယ်။

ဒီရုပ်ရှင်ဇာတ်ကားက ထူးခြားမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဟန်ဇာမိုးဝင်း ဗီဒီယိုရိုက်ကူးမှုတွေ နားခဲ့တဲ့အချိန်မှာ ဇာတ်ကားတွေ ရိုက်ကူးဖို့ လာကမ်းလှမ်းခဲ့ကြပါသေး တယ်။

ဒီလိုကမ်းလှမ်းမှုတွေရှိပေမယ့်လည်း သူကတော့ ဇာတ်အဖွဲ့သား တွေကိုငဲ့ပြီး ဇာတ်ကားရိုက်ကူးမှုတွေ ဘက်ကို ခြေလှမ်းလုံးဝရပ်ပစ်ခဲ့ပါ တယ်။ ဒီ့အတွက်ကြောင့်လည်း ရုပ်ရှင်ပရိသတ်တွေက သူ့ရဲ့အနု ပညာအတွက် နှမြောခဲ့ကြရပါသေး တယ်။ အခုအချိန်မှာတော့ သူက ရပ်နားထားတာကြာပြီဖြစ်တဲ့ ရုပ်ရှင် လောကထဲကို ပြန်လည်ဝင်ရောက် လာပြီပဲဖြစ်ပါတယ်။ သူပြန်လည်ရိုက် ကူးဖြစ်တဲ့အကြောင်းကိုတော့ …

”အဓိကတော့ အမှတ်တရဖြစ် အောင်ပါ။ စိုင်းစိုင်းနဲ့ ဖြစ်ဖို့များ တယ်။ စိုင်းစိုင်းနဲ့ သူငယ်ချင်းနှစ် ယောက် အမှတ်တရဖြစ်အောင် ရိုက် ရင်ကောင်းမလားပေါ့လေ။ ရိုက်ဖြစ် မယ်ဆိုရင်တော့လည်း ရိုက်မယ်ပေါ့ လေ။ မင်းသားက ၃ ယောက် လား ၂ ယောက်လား မသိသေးဘူး။ မင်း သမီးက နာမည်ကြီးထဲကတစ်ယောက် တဲ့။ ကျွန်တော်လည်း အတိအကျ တော့ မပြောတတ်သေးဘူး။ ရိုက်ဖို့ တော့ ကျွန်တော့်ကို လာကမ်းလှမ်း ထားတယ်။ သေချာပြီဆိုရင်တော့ ရိုက်ဖြစ်မယ်ထင်တယ်။ ကျွန်တော်က တော့ ရိုက်မယ်လို့တော့ ပြောထား တယ်။ မရိုက်ဖြစ်တာလည်း ကြာပြီ လေ။ ကျွန်တော့်ပရိသတ်တွေလည်းကြည့်လို့ရအောင်ပေါ့လေ။ ကျွန် တော်နယ်တွေ ရောက်နေတဲ့အခါ ပရိသတ်တွေ ကြည့်လို့ရအောင်ပေါ့” လို့ ဇာတ်ကားရိုက်ကူးမှုနဲ့ပတ်သက် လို့ ဟန်ဇာမိုးဝင်းက ပြောပြပါတယ်။

ဟန်ဇာမိုးဝင်းက ဗီဒီယိုဇာတ်ကား တွေ ရိုက်ကူးဖြစ်ခဲ့ပေမယ့်လည်း သူ ငယ်ချင်းဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူတူတော့ ဇာတ်ကားတွေ မရိုက် ကူးဖြစ်ခဲ့ပါဘူး။ သူက မဏိရွှေစင် ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ တောက်လျှောက်ရိုက်ကူးဖြစ်ခဲ့ပြီး အပြင်ထုတ်လုပ်ရေးတွေနဲ့ မရိုက်ကူး ဖြစ်တာကြောင့် စိုင်းစိုင်းနဲ့ မဆုံဖြစ် တာလည်း ပါပါတယ်။ ဇာတ်ကားဟန်ဇာမိုးဝင်းစိုင်းစိုင်းခမ်းလှိုင်နဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမယ့်ပြန်လည် ရိုက်ကူးမယ့်အကြောင်း ကြားရတဲ့ ပရိသတ်တွေအနေနဲ့လည်းပျော်ရွှင်ကြမှာပဲဖြစ်ပါတယ်။ နောက် ပိုင်းမှာ ဇာတ်ကားတွေ ဆက်တိုက် ပြန်လည်ရိုက်ဖြစ်တော့မလားဆိုတာကတော့ ပရိသတ်တွေအနေနဲ့ ဟန် ဇာမိုးဝင်းကို စောင့်မျှော်ကြရမှာပဲ ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here