Fileter ပါတဲ့ App နဲ့ပဲ ဓာတ်ပုံရိုက်ဖြစ်တဲ့Gong Hyo Jin

0
162

နိုဝင်ဘာ ၁၃ ရက်နေ့က မင်း သမီး Gong Hyo Jin ဟာ SBS Power FM ရဲ့ ” Cultow Show” မှာ ပါဝင်ခဲ့ပါတယ်။ ရေဒီယိုရှိုးပွဲ မှာ DJ Kim Tae Gyun က ပရိသတ်တွေက ဓာတ်ပုံရိုက်ဖို့ ခွင့် တောင်းရင်အလွယ်တကူ လက်ခံ လေ့ရှိလားလို့ မင်းသမီး ကို မေးမြန်း ခဲ့ပါတယ်။

မင်းသမီးက ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့ပါတယ်။

”တစ်ခါတလေဆို ငြင်းမိပါတယ်။ ပရိသတ်တွေက ဓာတ်ပုံအတူတူတွဲရိုက်ဖို့ အမြဲတောင်းဆိုပါတယ်။ ဒါပေမဲ့လည်း ကျွန်မက များသောအားဖြင့် မျက်နှာပြောင်နဲ့ပဲ ဖြစ်နေတတ်ပါတယ်။ ကျွန်မရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး ဓာတ်ပုံ ရိုက်တာကို လက်ခံလေ့ရှိပါတယ်။ ပရိသတ်တွေနဲ့ ဓာတ်ပုံရိုက်ရင် Filter ပါတဲ့ App နဲ့ အမြဲရိုက် ဖြစ်ပါတယ်။”


LEAVE A REPLY

Please enter your comment!
Please enter your name here