စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်၏ Deputy CEO ဒေါ်နန်းလိုင်းခမ်းကို’အောင်မြင်ကျော်ကြား စီးပွားနှင့် လူမှုထူးချွန်ကျောင်းသား’ဆု ရွေးချယ် ပေးအပ်ချီးမြှင့်

0
356

စင်ကာပူနိုင်ငံ၊ စင်ကာပူအမျိုး သားတက္ကသိုလ် (National University of Singapore)သည် အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိက ကဏ္ဍနယ်ပယ်အသီးသီး၌ စီးပွား ရေး၊ စီမံခန့်ခွဲမှုနှင့် လူမှုရေး အရည် အသွေးများကို အောင်မြင်စွာ စွမ်း ဆောင်ပြသနိုင်သည့် ထူးချွန်ကျောင်း သားများအား ရွေးချယ် ဂုဏ်ပြုဆု ချီးမြှင့်ပွဲကို စင်ကာပူနိုင်ငံ၊ Conrad Centennial Singapore ၌ နိုဝင် ဘာ ၇ ရက် ညနေပိုင်းက ကျင်းပခဲ့ ရာ မြန်မာနိုင်ငံမှ အမျိုးသမီး စီးပွား ရေးလုပ်ငန်းရှင် ကမ္ဘောဇဘဏ် ဒုတိ ယ အမှုဆောင်အရာရှိချုပ် ဒေါ်နန်း လိုင်းခမ်းက အောင်မြင်ကျော်ကြား စီးပွားနှင့် လူမှုထူးချွန် ကျောင်း သားဆု (Eminent Business Alumni Award 2018) ကို ရရှိခဲ့သည်။

အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲအ ခမ်းအနားသို့ စင်ကာပူနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးနှင့် စင်ကာပူအမျိုးသား တက္ကသိုလ်မှ ပါမောက္ခချုပ်၊ တက္ကသိုလ် ကောင်စီဝင်များ၊ စင်ကာပူ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြပါသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် Eminent Business Alumni Award ဆိုင်ရာ ဆုရရှိသူများ၏ သမိုင်းမှတ်တမ်း ဗွီဒီယိုပြသပြီး နောက်ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ DBS Group ESifh DBS Bank နှင့်DBS Bank ဥက္ကဋ္ဌ Mr.Peter Seah နှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန် ကြီး Dr.Vivian Balakrishnan တို့က အဖွင့်နှုတ်ခွန်းဆက်အမှာစကား များ အသီးသီး ပြောကြားခဲ့သည်။

Eminent Business Alumni Award ကို အသက်(၄ဝ)နှစ်အထက် Senior Alumni Awards နှင့် အသက် (၄ဝ) နှစ်အောကYoung Alumni Award စသည်ဖြင့် ခေါင်း စဉ်နှစ်ခုဖြင့် ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ ဒေါ်နန်းလိုင်း ခမ်းသည် အသက် ၃ဝ နှစ်အရွယ်တွင် ရွေးချယ် ချီးမြှင့်ခံရခြင်း ဖြစ်ပါသည်။ ဆုများကို ဒေါ်နန်းလိုင်းခမ်းနှင့်အတူBank of Singapore ၏ CEO Mr. Bahren Shaari ၊ Kenanga Investment Bank ၏ Group Managing Director Mr. Chay Wai Leong၊ NTUC Health Co-operative ၏ ဥက္ကဋ္ဌ Ms TanHwee Bin အပါအဝင် စုစုပေါင်း ၁၂ ဦးက တက်ရောက်ကာ ဆုများ လက်ခံရရှိခဲ့ပါသည်။

ဆုလက်ခံရရှိခဲ့ခြင်းနှင့် ပတ် သက်၍ ဆုရရှိသူများက ကျေးဇူးတင် စကား အသီးသီး ပြောကြားရာတွင် ဒေါ်နန်း လိုင်းခမ်းက ”မိမိအနေဖြင့် NUS တွင် ပညာသင်ကြားစဉ်က မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး အတွက် ဦးတည်၍ လေ့လာသင်ကြား ခဲ့ကြောင်း၊ ယခုအခါ မိမိတို့ နိုင်ငံ တိုးတက် ဖွံ့ဖြိုးရေးအတွက် အရေး ကြီးသော င်္ငညညေခငှေူနခအသမ အသီး သီးတွင် ကမ္ဘောဇဘဏ်နှင့်အတူ ထိ ရောက်အောင်မြင်စွာ ဆောင်ရွက်ခွင့် ရရှိခြင်း၊ ကမ္ဘောဇ အနာဂတ်အလင်း တန်း မြန်မာဖောင်ဒေးရှင်းကို ဦး ဆောင်၍ ပြည်သူ့အကျိုးပြုလုပ် ငန်းများစွာ ပံ့ပိုးဆောင်ရွက်ခွင့်ရရှိ ခြင်းတို့ကြောင့် အထူးဝမ်းမြောက်ပါ ကြောင်းနှင့် ယခုကဲ့သို့ ဆုချီးမြှင့်ခံရ သည့်အတွက် ဂုဏ်ယူဝမ်းမြောက်စွာ ဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးကို ဆက် လက်ကြိုးပမ်းထမ်းဆောင်သွားမည် ဖြစ်ပါကြောင်း” ဟု ပြောကြားခဲ့ပါသည်။

ကမ္ဘာထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်သော စင်ကာပူအမျိုးသား တက္ကသိုလ် (NUS) သည် ကမ္ဘာ့နိုင်ငံ များမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိပြီး ပညာ သင်ကြားခဲ့ကြသူများအနက် သက် ဆိုင်ရာနိုင်ငံ၏ အများပြည်သူဆိုင် ရာနှင့် ပုဂ္ဂလိကကဏ္ဍနယ်ပယ်အသီး သီး၌ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် လူမှု ရေး အရည်အသွေးများကို အောင် မြင်စွာ စွမ်းဆောင်ပြသနိုင်သည့် ထူး ချွန်ကျောင်းသားဟောင်းများအား ရွေးချယ်၍ (၂) နှစ်တစ်ကြိမ်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သော အနှစ်သာရပြည့်ဝ စွာဖြင့် ချီးမြှင့်သည့်ဆုသည် မြန်မာ နိုင်ငံမှ ဒေါ်နန်းလိုင်းခမ်းကဲ့သို့ အောင်မြင် ထင်ရှားနေသည့် NUS မှ ကျောင်းသားဟောင်းများကို ကမ္ဘာ တစ်ဝှမ်းမှ အများပြည်သူများနှင့် NUS တွင် လက်ရှိပညာသင်ကြား နေဆဲကျောင်းသားများ သိရှိအား ကျလာစေရန်၊ ¤င်းတို့၏ စီးပွားရေး အောင်မြင်စွာ စွမ်းဆောင်နိုင်မှုနှင့် လူမှုအဖွဲ့အစည်းအပေါ် ထိရောက် စွာ အကျိုးပြုမှုများကို အသိအမှတ်ပြု သောအားဖြင့် ရည်ရွယ်ချီးမြှင့်ခြင်း ဖြစ်သည်။

ဒေါ်နန်းလိုင်းခမ်းသည် မြန်မာ နိုင်ငံ၏ အကြီးဆုံးနှင့် အအောင်မြင် ဆုံးဖြစ်သော ကမ္ဘောဇဘဏ်၏ ဒုတိယ အမှုဆောင်အရာရှိချုပ်၊ုKBZ Group ၏ အုပ်ချုပ်မှု ဒါရိုက်တာ၊ Air KBZ လေကြောင်းလိုင်း၊ MAI လေကြောင်း လိုင်းနှင့် Kempinski Hotel(Nay Pyi Taw)တို့တွင် ဥက္ကဋ္ဌတာဝန်များ ကို အောင်မြင်စွာ တာဝန်ယူဆောင် ရွက်လျက်ရှိသည်။ ထို့အပြင် ဒေါ်နန်း လိုင်းခမ်းသည် မြန်မာနိုင်ငံအတွင်း ကဏ္ဍအသီးသီးတွင် လူမျိုးဘာသာ မရွေး၊ နေရာဒေသမရွေး နိုင်ငံတော် နှင့် ပြည်သူအတွက် ကျပ်ငွေ ၁၄၄ ဘီလျံကျော် လှူဒါန်းထားသည့် ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) ၏ တည်ထောင်သူ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here