ဖက်ရှင်ဆို Sexyပုံစံနည်းနည်းကြိုက်တော့သူများတွေနဲ့ ကွဲထွက်အောင်ဝတ်တယ်သင်ဇာဝင့်ကျော်

0
588

လတ်တလောမှာ ပွဲတက်ဖက် ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို သူ့ရဲ့ဖက်ရှင် ဒီဇိုင်း အကြောင်း အနည်းငယ် မေးဖြစ်ခဲ့ပါတယ်။ ဘယ်လို ဖက်ရှင်မျိုး ဝတ်ရတာ သဘောကျလဲ၊ ဖက်ရှင် ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး လေ့လာဖြစ်လဲ ဆိုတာကို သင်ဇာဝင့်ကျော်က …

”သင်ဇာက အဲဒီလို Instagram တွေ ကြည့် တယ်။ ပြီးတော့ နိုင်ငံခြားက မော်ဒယ်လ်တွေ ဘယ်လိုတွေဝတ်တယ်။ ဘယ်လိုတွေ ပို့စ်လုပ်လဲ ဆို တာကို အမြဲလေ့လာတယ်။ ကိုယ်ကြိုက်တဲ့ အင်္ကျီဒီဇိုင်း မြင်လို့ရှိရင် Save ထားတယ်။ တကယ်လို့ မှာလို့ရရင် လည်း မှာတယ်။ မှာလို့ မရဘူးဆိုရင်လည်း ချုပ် သင့်ရင်ချုပ်တယ်။ ပွဲတစ်ပွဲ လာငှားရင်လည်း သူတို့ Dress Code ဘာအရောင်သတ်မှတ်လဲ။ သတ် မှတ်တဲ့အပေါ်မှာမှ ပွဲက ဘာပွဲ လဲ။ ဘယ်လို ပစ္စည်း၊ Brand မျိုးလဲ အဲဒါလေးကို ကြည့်ပြီးလည်း ရွေးချယ် ဖြစ်တယ်။ သင်ဇာကတော့ ကိုယ့်စတိုင်လ်နဲ့ ကိုယ် ပေါ့နော်။ သူများ ဝတ်တာနဲ့လည်း သိပ်မတူချင် ဘူး။ ကိုယ်ကလည်း ဖက်ရှင်ဆို Sexy ပုံစံ နည်းနည်း ကြိုက်တော့ သူများတွေနဲ့ ကွဲထွက်အောင် ဝတ်တယ်။ ဒီအပေါ် မှာမှ ကိုယ့်ကို ကြိုက်တဲ့သူတွေက လည်း ကောင်းတာ ဝေဖန်မယ်။ မကြိုက်တဲ့သူတွေက တော့ မကောင်း တာဝေဖန်မယ်။ ဒါကတော့ သဘာဝ ပဲ။ အဲဒါကိုတော့ကိုယ်က ခံနိုင်ရည် ရှိအောင် ကြိုးစား ထားရမှာပေါ့။ အဓိကကတော့ကိုယ့်ကိုယ်ကိုယ် မရိုးသရွေ့ပေါ့နော်။ ဒီလိုမျိုး ဖက်ရှင်တွေပြတာ ကိုယ့် ကိုယ်ကိုယ်ရိုးလာ ပြီဆို နောက်တစ်မျိုး ပြောင်း ချင် ပြောင်းမှာပါ”လို့ သင်ဇာဝင့်ကျော်က ပြောပါ တယ်။


သူကတော့ လတ်တလောမှာ အနုပညာ အလုပ် တွေဆက်တိုက်လုပ်ကိုင်နေရတဲ့အတွက် နားချိန် မရှိဘူး ဆိုတာကိုလည်း …

”ဓာတ်ပုံရိုက် တွေ၊ ပွဲတက်တွေ အလုပ်က တောက်လျှောက်ဖြစ်နေ တော့လေနားချိန်ကို မရှိပါဘူး။ စိတ်ကိုအပန်းဖြေ တာက တော့ ထွေထွေ ထူးထူး မရှိပါဘူး။ အဓိကက အိပ်ချိန်မှန်မှန်အိပ်ဖို့ပဲ ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here