ဆေးပေါင်းခတဲ့ ရန်ကုန်ညဖျော်ဖြေပွဲက ထူးခြားတဲ့ ပွဲတစ်ပွဲဖြစ်မှာပါ ဇော်ဝင်းထွဋ်

0
237

‘ဆေးပေါင်းခတဲ့ရန်ကုန်ည’ ဂီတဖျော်ဖြေပွဲပြုလုပ်တိုင်း နှစ်စဉ်အမှတ်တရတွေရှိနေတတ်ပါတယ်လို့ ဇော်ဝင်း ထွဋ်က ပြောပြပါတယ်။ ‘ဆေးပေါင်းခတဲ့ရန်ကုန်ည’ ဖျော်ဖြေပွဲကိုတော့ ၁၉၉၇ ခုနှစ်လောက်ကနေပြုလုပ်ခဲ့တာ အခုဆိုရင်နှစ်ပေါင်း ၂ဝ ကျော်ကြာခဲ့ပါပြီ။ ကြားကာလမှာ မဖျော်ဖြေဖြစ်ဘူးဆိုရင်တောင် တစ်နှစ်၂ နှစ်လောက်ပဲ ခြားလိမ့်မယ်လို့ သူက ပြောပြပါတယ်။

”အဲဒီညနီးလာပြီဆိုတာနဲ့ ရောဂါဟောင်းတွေက ပြန်ထလာတာပဲ။ အဲဒီတော့နှစ်တိုင်း သီဆိုဖြစ်သွားတယ်။ နောက်တစ်နှစ်ကျတော့လည်း နှစ်တိုင်း ကျင်းပချိန်နီးကပ်လာတော့ ကိုယ်မလုပ်ချင် လည်း ကိုယ့်ကိုနှိုးဆော်နေတဲ့လူတွေကရှိ နေတော့လည်း လုပ်ဖြစ်နေတာပေါ့လေ”လို့ ဆေးပေါင်းခတဲ့ညနဲ့ပတ်သက်ပြီး သူ့ရဲ့ခံစား မှုကိုပြောပြပါတယ်။ ဒီနှစ်ဆေးပေါင်းခတဲ့ ရန်ကုန်ညဖျော်ဖြေပွဲကိုတော့နိုဝင်ဘာ၂၂ ရက်နေ့မှာပြုလုပ်မှာဖြစ်ပါတယ်။ ဒီနှစ်ပွဲက တော့ အရင်နှစ်တွေကထက် ပိုတစ်မူထူးခြား ပါတယ်။ ဘာကြောင့်လဲဆိုရင်သား အဖ အတွဲတွေပါနေလို့ပါပဲ။ ဒီအတွက်လည်း ကိုညီထွဋ်က သူ့အတွက် အားပိုရှိရတယ်လို့ ပြောလာပါတယ်။
”အဓိကတော့ ကိုယ့်သားအဖတွေပဲရှိ တဲ့အခါကျတော့ ပိုပြီးတော့သက်သောင့်သက်သာရှိပါတယ်။ကိုယ့်သားသမီးတွေက ကိုယ်နဲ့စင် ပေါ်မှာ အတူရှိနေမယ်ဆိုတော့ ပျော်တာပေါ့။ မဟုတ်ရင် စင်ပေါ်မှာ…

တစ်ယောက်တည်းထွက်ပြီးပွဲကြမ်းနေရ တာကိုး။ ဘေးနားမှာ ကိုယ့်ရဲ့အင်အားလေး တွေက စင်ပေါ်မှာရှိမယ်ဆိုတော့ ခါတိုင်းနဲ့ မတူဘဲနဲ့ အရသာလေးတစ်မျိုးတော့ ဖြစ်ပါ တယ်။ ပိုပြီးတော့လည်း သီချင်းတွေအများ ကြီး သီဆိုဖြစ်မယ်ထင်ပါတယ်။ အီတိုးက ကျွန်တော့်သီချင်းတွေကိုဆိုချင်တယ်၊ တီးချင်တယ်ဆိုပြီး စာရင်းပေးထားတယ်။ အဲဒီအထဲက နေရွေးမယ်။ သူ့အိုင်ဒီ ယာတွေကို ချပြထားတယ်။ မိသား စုပုံစံမျိုးလေးပါပဲ။ စင်ပေါ်မှာ လူတွေနဲ့စင်အောက်က ပရိ သတ်တွေနဲ့လည်းအားလုံး တစ်သားတည်းဖြစ်ပေါ့။ အဲဒီလိုမျိုးလေးဖြစ်အောင် ဆွဲခေါ်ရမှာပေါ့လေ။ အဲဒီ့နေ့ ညကိုတော့ ကျွန်တော်တို့ ငယ် ငယ်တုန်းက လမ်းဘေးမှာ သီချင်း စာအုပ်တွေချပြီး ဂစ်တာတီးပြီးထိုင် သီဆိုတဲ့ အရသာမျိုးကိုရမယ်လို့မှန်းတယ် ထူးခြားတဲ့ ပွဲတစ်ပွဲလည်း ဖြစ်မှာပါ” လို့ ပွဲနဲ့ ပတ်သက်ပြီး ကိုညီထွဋ်က ပြောပြပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here