သားသမီး တွေနဲ့အတူတူFamily Show ပြုလုပ်ချင်တဲ့ ရင်ဂို

0
389


တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ဖို့အတွက် ပြောထားတာတွေရှိပေမယ့် သူ့အနေနဲ့ကတော့လုပ်ဖို့အတွက် စဉ်းစား နေတုန်းပဲလို့ ရင်ဂိုကပြောပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ဖို့အတွက် စီစဉ်ရတာနှစ်လလောက်ကြိုတင်စီစဉ်ရတာမျိုးဖြစ်တာကြောင့် ဒါဟာတော်တော်ကို ပင်ပန်းတဲ့အလုပ်ပဲဖြစ်တယ်လို့ သူကပြောပါတယ်။

”ပင်ပန်းတယ်ဆိုတာက စင်ပေါ်မှာ ပင်ပန်းတာမျိုးကိုပြောတာမဟုတ်ဘူး။ ကြိုတင်စီစဉ်ရတာကို ပင်ပန်းတာ။ နှစ်လလောက်ကို ပြင်ဆင်ရတယ်။ ကျွန်တော်ကလူပင်ပန်းတာကိုခံနိုင်တယ်။ စိတ်ပင်ပန်းတာ သိပ်မခံနိုင်တဲ့အတွက် ကြောင့် လုပ်ဖို့ကိုစဉ်းစားနေတယ်။ ဒါပေမဲ့ ဦးအလုပ်ချင်ဆုံးဆန္ဒကတော့ သမီးရဲ့ Brand နဲ့ သားကျားပေါက်ရဲ့ Brand၊ ဦးက အင်ပါယာနဲ့ သုံးဝိုင်း တက်ပြီး သီဆိုချင်တယ်။ အဲဒါဦးရဲ့ ဘဝမှာအဖြစ်ချင်ဆုံးအရာပဲ။ ၃ ယောက်ဆိုရင်တော့ ဦးတအားပျော် မယ်လို့ထင်ပါတယ်။ တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်မယ်လို့ ပြောထားတဲ့ နှစ်ဦးကို ဦးပြောမယ်။ ၃ ယောက်လုပ် ချင်တယ်ပေါ့။ ဦးများများ သီဆို ချင်လည်း သီဆိုမှာပေါ့လေ။ ရှေ့မှာ ကလေးနှစ်ယောက်နှစ် Brand နဲ့ သူ တို့လည်း သီဆိုပေါ့။ ဦးလည်း နောက် ဆုံးပိတ်မှာ အများကြီးသီဆိုမှာပေါ့ လေ။ Family Show လိုမျိုးပေါ့။ သမီးကလည်း တအားတီးချင်တယ်။ Brand တက်ပြီးတော့ဆိုချင် တယ်လို့ ပြောတယ်” လို့ သူဖြစ်ချင်တဲ့ ဆန္ဒကို ရင်ဂိုက ပြောပြပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြုလုပ် မယ့် ‘ဆေးပေါင်းခတဲ့ ရန်ကုန်ည’ဖျော်ဖြေ ပွဲမှာ ရင်ဂိုလည်း ပါဝင်သီဆိုမှာဖြစ်ပါ တယ်။ ဒါ့အပြင်ဒီနှစ်ဖျော်ဖြေပွဲမှာ ဇော်ဝင်း ထွဋ်၊ စည်သူလွင် အပြင် ကျားပေါက်ကော အီတိုးကော ပါဝင်ကြမှာဖြစ်တဲ့အတွက် သားအဖတွေဆုံတဲ့ပွဲလည်းဖြစ်လို့နေ ပါတယ်။ ဒီအတွက်လည်း တစ်မူထူး ခြားမှာပါလို့ရင်ဂိုက ပြောပါတယ်။ ရင်ဂို က နိုဝင်ဘာ ၁၅ ရက်နေ့မှာ ၂၅ လို့ အမည်ပေးထားတဲ့ တစ် ကိုယ်တော်အခွေကို ထွက်ရှိခဲ့ ပါတယ်။

”ကိုယ့်ဘဝမှာ အမှတ်တရ လေးဖြစ်သွားအောင်ဆိုပြီး သီချင်း ၁ဝ ပုဒ်လုပ်တာမပြီးလို့ ဒီ ၁၅ ရက် နေ့ကို ထွက်ဖြစ်အောင်ဆိုပြီးတော့ ၆ ပုဒ်ပဲပြီးသွားပါတယ်။ အဲဒါကြောင့် Mini Album အနေနဲ့ပဲ ကျေနပ်ပြီး ထုတ်လိုက်တာပါ”လို့ အခွေနဲ့ပတ် သက်လို့ရင်ဂိုက ပြောပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here