တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေပြုလုပ်တိုင်း စိတ်လှုပ်ရှားမိတယ်စည်သူလွင်

0
126

စည်သူလွင်ရဲ့ A Part Of Me လို့ အမည်ပေးထားတဲ့တစ်ကိုယ်တော် ဖျော်ဖြေပွဲက အောင်မြင်တဲ့ဖျော်ဖြေပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲက စီနီယာ အဆိုတော်ကြီးတွေရဲ့ တေးသီချင်းတွေကို ပြန်လည်သီဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုပြန်လည်သီဆိုပေ မယ့်လည်း စည်သူလွင်က သီချင်းတွေကို ပြန်လည်သီဆိုတဲ့အခါမှာ သူ့ရဲ့ Tasre ဖြစ် အောင်သာ သီဆိုပြခဲ့တာပဲဖြစ်ပါတယ်။

သူ့ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာတော့ ဂီတမောင်နှမတွေကလည်း လာရောက် အားပေးခဲ့ကြသလို လူငယ်ပရိသတ်တွေကလည်း လာရောက်အားပေးခဲ့ကြပါတယ်။ ဒီ့အတွက်လည်း သူ့အနေနဲ့ ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်လို့ ပြောလာပါတယ်။

”ပွဲရဲ့အစပိုင်းမှာ နည်းနည်းလေးတော့ စိတ်လှုပ်ရှားမှုဖြစ်တယ်။ဘာကြောင့် လဲဆိုတော့ သူများသီချင်းတွေပြန်ပြီး သီဆိုရတဲ့အခါကျတော့လေ။ နောက်ပိုင်း တဖြည်းဖြည်းသီဆိုရင်းနဲ့ လေးငါးပုဒ်နေတော့မှ အသားကျလာတာ။ တစ်ပွဲလုံး ခြုံကြည့်ရင်တော့ ကျေနပ်အားရမှုရှိပါတယ်။ အဲဒီနေ့ လာကြည့်တဲ့ ပရိသတ် တွေထဲမှာ ကိုယ့်အသက်အရွယ်တင်မကဘဲနဲ့ တော်တော်ငယ်တဲ့ ကလေး တွေကိုပါ တွေ့ရတယ်။ နောက်တစ်ခုက အဲဒီမှာ ကိုယ့်ဘာသာ ကိုယ် ပြန်ပြီး သတိထားမိတာက ကိုယ်ကတော့ အရသာတစ်မျိုးဖြစ် အောင်သီဆိုပြီး ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် သီချင်းတွေ ကိုသာ ရွေးချယ်ပြီး သီဆိုခဲ့တာပေါ့။ အဲဒီမှာ ကိုယ့်ကိုယ်ပိုင် သီချင်းက နည်းနည်းလေးနည်းသွားတယ်။ ပရိသတ်တွေဘက်ကကျတော့ ကိုယ့်ရဲ့ကိုယ် ပိုင်သီချင်းကို များများသီဆိုစေချင်တာကိုတွေ့ရတယ်”လို့ ပွဲနဲ့ပတ်သက်ပြီးတော့ စည်သူလွင်က ပြောပြပါတယ်။ အဲဒီနေ့က ပွဲမှာတော့ သီချင်းအပုဒ်ရေ ၃ဝ ကျော် လောက် သီဆိုခဲ့ပါတယ်။ စည်သူလွင်အနေနဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေကို လုပ်တိုင်းစိတ်လှုပ် ရှားမိတာ အမြဲတမ်းဖြစ်တယ်လို့ သိရပါတယ်။ ပွဲနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးကြားသိရတဲ့ FeedBack တွေက ကောင်းမွန်ပြီး ဇော်ဝင်းထွဋ်ကလည်း သူ့ကို ချီးကျုးစကားဆိုခဲ့ပါတယ်။

”ကိုညီထွဋ်က သူလည်းသုံးသပ် ပါတယ်။ ပရိသတ်တွေက ကိုယ့်သီ ချင်း ကိုယ်ပိုပြီးတော့ သီဆိုစေချင်တာ ပေါ့တဲ့။ ကိုယ့်သီချင်းကိုယ်ဆိုတာ နည်းနည်းလေး နည်းသွားတယ်တဲ့။ တစ်ဝက်ဆီလောက် သီဆိုရမှာတဲ့။ အဲဒီလိုပြောပါတယ်။ မှန်ပါ တယ်။ ကျွန်တော်ကလည်း နည်းနည်းလေး လောဘကြီးသွားတာပါတယ်။ ပွဲတစ် ခုနဲ့တစ်ခု အရသာမတူချင်တာပေါ့လေ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ပွဲကို ကျေနပ်မှု လည်းရှိပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်ပြချင်တဲ့ ပုံစံတစ်မျိုး ပရိသတ်တွေကို အရသာ တစ်မျိုးပေးလိုက်နိုင်တယ်လို့ ကျွန် တော့်အနေနဲ့ ယုံကြည်ပါတယ်”လို့ စည်သူလွင်က ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here