ရှိုးပွဲတွေသီဆိုပြီး ရရှိလာတဲ့ အနုပညာကြေးတွေကို မိဘတွေထံ အကုန်ပြန်အပ်တယ်အဆိုတော်မလေးရှင်သန့်ဇင်

0
165

အဆိုတော်မလေး ရှင်းသန့်ဇင်က အနုပညာအရည်အသွေးတောက် ပြောင်လွန်းသူလို့ပဲ ပြောရမှာဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုရင် သူဟာ ကြယ်ကလေးတို့ရဲ့ ‘ဂီတမိုးကောင်းကင်’နဲ့ ‘ဂီတတံခါး လေး ဖွင့်ပါဦး’ သီ ချင်းဆို ပြိုင်ပွဲမှာလည်း ပထမဆု တွေ အကြိမ်ကြိမ်ဆွတ်ခူးခဲ့သူတစ်ဦးပါ။ ဒါ့အပြင် အခုလက်ရှိမှာလည်း ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိပြီး Level 5 အဆင့်ကို ရောက်ရှိနေပြီ လို့လည်း သိရပါတယ်။

”သမီးအကောင်းဆုံး ကြိုးစားနေ ပါတယ်။ သမီးကတော့ ဝင်ပြိုင်လို့ ရတဲ့ အရွယ်အထိကို ဝင်ရောက် ယှဉ် ပြိုင်နေဦးမှာပါ။ သမီးက ပြိုင်ပွဲတွေဝင်ပြိုင်ရတာ ဝါသနာ ပါပါတယ်”လို့ ရှင်းသန့်ဇင်က ပြောပြပါတယ်။ သူက နယ်ဖျော် ဖြေပွဲတွေကိုလည်း တောက် လျှောက် သွားရောက်သီဆိုနေရပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိ ထားတဲ့ အဆိုတော်မလေးတစ်ယောက်ပါပဲ။ အဆိုဘက်မှာလည်း အကောင်းဆုံး ကြိုးစားနေသလို သရုပ်ဆောင်ပိုင်းကိုလည်း သူက ဝါသနာပါပါသေးတယ်။ ကိုရီးယားနဲ့ မြန်မာပူးပေါင်းရိုက်ကူးတဲ့ ဇာတ် လမ်းတွဲမှာလည်း သူကကလေးသရုပ် ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားပါတယ်။

”ကိုရီးယားတွေနဲ့ ရိုက်ကူးရတာဆိုတော့ သူ့စကားကိုယ့် စကား နားမလည်တော့ နည်းနည်း အခက်အခဲတော့ရှိပါ တယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ကိုရီးယားစကားတော့ မပြောရပါဘူး။ မြန်မာလိုပဲပြောပြီး သရုပ်ဆောင်ရတာပါ။ သမီးက လူဆိုးအခန်းမှာ သရုပ်ဆောင်ရတာပါ။ သမီးက ဓားပြဗိုလ်ရဲ့ သမီးပေါ့။ ဇာတ်ကားနာမည်က Galazy လို့ ခေါ်ပါတယ်။ ဇာတ်လမ်းတွဲထုတ်လွှင့် ပြသတဲ့အခါလည်း အားပေးကြပါဦး”’လို့ ဇာတ်လမ်းတွဲရိုက်ကူးမှုနဲ့ပတ်သက်ပြီး ရှင်းသန့်ဇင်က ပြောပြပါတယ်။ သူက ကျောင်းပညာရေးအနေနဲ့ ဒဂုံ (၁)မှာ ဆဋ္ဌမတန်း တန်းတက် ရောက်သင်ကြားနေပြီး စာပိုင်းမှာလည်း မလစ်ဟင်း ရအောင် လုပ်နေပါတယ်။ သူက ငယ်ငယ်လေးနဲ့ မိဘကျေးဇူးဆပ်နေတဲ့ သမီးတစ်ယောက်ဖြစ်ပြီး ရရှိလာတဲ့အနုပညာကြေးတွေကို မိဘတွေထံ အကုန်ပေးပါတယ် တဲ့။ နောက်ပိုင်းမှာလည်း မိဘကျေးဇူးဆပ်နိုင်တဲ့ သမီးတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်သလို အနုပညာပိုင်းမှာလည်း အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပြီး ပရိ သတ်တွေအနေနဲ့လည်း အားပေးကြပါဦးလို့ သူက ပြောပြခဲ့ပါတယ်။ အခုလက်ရှိမှာတော့ သူက နယ်ဖျော်ဖြေပွဲတွေ ဖျော်ဖြေဖို့ တောက်လျှောက်ထွက်နေရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here