ရုရှသံရုံးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပူးပေါင်းပြုလုပ်သော ဂီတဖျော်ဖြေပွဲ

0
261

ရုရှသံရုံးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပူးပေါင်းပြုလုပ်သော ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့ညပိုင်းက ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန်ကြီး၊ အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်ပါမောက္ခချုပ်၊ ရုရှနိုင်ငံသံအမတ်ကြီးနှင့်တကွ သံတမန်မိသားစုများ၊ ဂီတ မြတ်နိုးသူဧည့်သည်တော်များ စုံလင်စွာတက်ရောက်ခဲ့ကြပါ သည်။

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှလည်း သဘင်အစည်းအရုံး(ဗဟို)သဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်၊ ဒုဥက္ကဋ္ဌ (၁)ဦးမိုးဝင်းနှင့် အမှူဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက် အားပေးခဲ့ကြသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here